Unicode
......................''ဇေး........''
ဇေးအနောက်ကိုလှည့်မကြည့်ပေ။လူနည်းနည်းရှင်းတဲ့ နေရာရောက်မှ ဇေးရပ်လိုက်ကာ အနောက်လှည့်ကြည့်လိုက်သည်။
ဇေးခံစားချက်တွေကို ထိန်းထားလိုက်သည်။မောင်က ဇေးအနားရောက်လာပြီး ဇေးအားပြုံးကာကြည့်နေသည်။
''ဘာကိစ္စလည်း မင်းအရိပ်......''
ဇေးက နာမည်ခေါ်လိုက်တာကြောင့် မင်းအရိပ်အလိုမကျဖြစ်ကာ မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
''ဘာ.....မင်းအရိပ်.....မောင်လို့မခေါ်တော့ဘူးလား.....''
ဇေးမျက်စောင်းထိုးလိုက်သည်။ဒီလိုအချိန်မှာ မောင်လို့ ခေါ်နေရမှာလား။ဖြစ်နိုင်ရင် နားရင်းဆယ်ချက်လောက် အုပ်ချင်နေတာ။
''ကိစ္စမရှိရင် ငါသွားပြီး.......''
ဇေးလည်း လှည့်ထွက်လိုက်သည်။
ဇေးခြေတစ်လှမ်းအစမှာပင် မောင်က အနောက်ကနေ သိုင်းဖက်လာသည်။ဇေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။တော်သေးတယ် လူရှင်းနေလို့။''မင်းဘာလုပ်တာလဲ....သူများတွေမြင်ကုန်မယ်...လွတ်စမ်း.....''
''ဘယ်သူမှမမြင်ပါဘူး...မြင်လည်းကိစ္စမရှိဘူး...''
ဇေးသက်ပြင်းချလိုက်သည်။တဇွတ်ထိုး အရမ်းလုပ်တာပဲ ။
''ခဏက ဘာဖြစ်လို့ ရုတ်တရက်ကြီး ထသွားရတာလဲ.....''
''ငါးစားပြီးလို့ ထသွားတာလေ....''
''အဲ့လိုဆိုလည်း လမ်းကိုကြည့်မှပေါ့.....''
''သြော်....မင်းငါ့နောက်လိုက်လာတာ ဒါပြောဖို့ပဲလား....''
''ကျန်သေးတယ်.... ခဏကကောင်နဲ့ ဝေးဝေးနေ....မောင်သူ့အကြည့်တွေကိုမကြိုက်ဘူး.....''
''ဘယ်ကကောင်လဲ....ဘာတွေလာပြောနေတာလဲ.....''
''ခဏက ဝင်တိုက်တဲ့ကောင်လေ.....''
''သူက the whole kingကြီးလေ....ဘယ်လိုမပတ်သက်ပဲနေလို့ရမလဲ....ပြီးတော့ အရပ်ကလည်းအမြင့်ကြီး ရုပ်ကလည်းချော.......အွန်း....''
ဇေးစကားမဆုံးခင် မင်းအရိပ်က ဇေးပါးစပ်အား လက်ဖြင့်အုပ်လိုက်သည်။
YOU ARE READING
Perfect Strangers. 💙💙
Romance***we are perfect strangers. no reason for our love🖤💜💙💚💛❤