Ep-8

1.3K 78 10
                                    

(Unicode )

Ep_8

ဆေးဗန်းတေနဲ့ အစားစာတေယူဆောင်လာပီး အခန်းထဲသို့ဝင်လာသောလူတစ်ယောက် ကျနော်ရဲ့ လက်တေ ခြေထောက်တေက ကြိုးတေကိုဖြည်ပေးတယ်  ဒဏ်ရာတေကိုဆေးထည့်ပေးတယ် ဒီလိုအိမ်မှာ အကြင်နာတရားရှိတဲ့သူ ရှိသေးတယ်ဆိုတာ မယုံနိုင်လောက်အောင်ဘဲ။

"ဦးလေး ဆေးထည့်ပေးမယ်နော် ကောင်လေး နဲနဲတော့စပ်မယ်"

မျက်ရည်စတေဝိုင်းနေကာ ဒဏ်ရာအရှိန်ကြောင့် အဖျားလဲနဲနဲဝင်လာခဲ့သည် ဆေးထည့်ပေးနေတဲ့ လူကတော့ သူ့အလုပ်သူလုပ်ပီးတာနဲ့ ပြန်ထွက်သွားရန်လုပ်နေသော်လဲ ကိုယ်က ကိုယ်ကျင့်တရားကောင်းတဲ့သူမလို့ ကျေးဇူးတင်စကားတော့ပြောရမည်။

"ဟို ကျေးဇူးတင်ပါတယ် ဦးလေး"

"ဂျမ် ဦးလေးဂျမ်လို့ ခေါ်ပါ "

"ဟုတ် "

"ဗိုက်ဆာနေရောပေါ့ ဦးလေးယူလာပေးတာတေစားလိုက်နော် ပီးရင်နားလိုက်အုံး အဖျားလဲရှိနေပုံရတယ် ဆေးပေးခဲ့မယ် သေချာအနားယူပါ"

"ဟုတ် ဟုတ်ကဲ့"

အိမ်ကြီးရဲ့ အကြောင်းစုံနဲ့ ဘယ်လိုမိသားစုမျိုး ဘယ်လိုအပြုအမူနဲ့လူမျိုးတေ အကျင့်စရိုက်တေ အဓိက Jeon Jungkook ဆိုတဲ့ လူဆိုးကောင်အကြောင်းတေကို မေးချင်ပေမဲ့ ရင်းနှီးမူ့မရှိသေးတာကြောင့် မေးရန် တွန့်ဆုတ်နေခဲ့ပီး အတွေးတေဝင်လာကာ မမွေးဖွားလာခဲ့ရင်တောင် ကောင်းမည်ဟု တောင် အဆုံးအစွန်ထိတွေ့ပစ်လိုက်သေးသည်။

"Jeon"

"ဗျာ Daddy"

"မနေ့ညက လူတစ်ယောက်ခေါ်လာသေးလား "

"ဟုတ်"

"ဘယ်ကလူလဲ ဘယ်လိုပတ်သတ်လဲ ဘာအလုပ်လုပ်တာလဲ"

"Daddy ရာ မေးခွန်‌းတေများလိုက်တာ ကျနော် ဝယ်လာတာ"

"ဘာကို ဝယ်လာတာ"

"Park jimin တဲ့ ကျနော်လိုချင်လို့ ဝယ်လာခဲ့တာ Daddy "

"တန်လားမတန်လား မသိဘဲ ဒီလောက်များတဲ့ ပမာဏကို ပေးပီးဝယ်လာတယ် မင်းရူးနေပီလား သား"

"ကျနော့်အကြောင်းနဲ့ကျနော်ပါ Daddy ဒီလောက်ပိုက်ဆံလေးသုံးလိုက်လို့လဲ Daddy မမွဲသွားပါဘူး တခါထဲမှာထားမယ်နောါ အကုန်လုံးကို Park jimin က ငါ့ဟာ ငါပိုင်တာ သူ့ကို ငါကလွဲရင် တခြားဘယ်သူမှ ခိုင်းတာတေ စကားပြောတာတေ ဘာတခုမှမလုပ်ရဘူး နားလည်လား"

အမုန်းမျက်ရည်(Completed )Where stories live. Discover now