Ep-6

1.2K 91 6
                                    

(Unicode )

"လွတ်ထားပေးလိုက်ပါ Mingyu ရာ Jeonအကြောင်းလဲသိရဲ့သားနဲ့"

"သိလို့ပေါ့ကွ သိလို့တားနေတာ ငါစခဲ့တာဆိုပေမဲ့ ဒီလောက်ထိလွန်သွားလိမ့်မယ်လို့မထင်ခဲ့ဘူး"

"သူပြောသလို စုံစမ်းပေးလိုက်ကြရအောင်ကွာ နော်"

Jeonဟာ ကျနော်တို့ကို ခါးခါးသီးသီး ပြောကာ ထွက်သွားခဲ့ပေမဲ့ ကျနော်ဟာ Jeonအကြောင်းကောင်းကောင်းသိတဲ့သူဖြစ်တာကြောင့် အကုန်လိုက်လျောပေးခဲ့တယ်။ ဒီလိုမှမလုပ်ပေးရင် သူပြောတဲ့အတိုင်း သူငယ်ချင်းဆက်ဖြစ်ရတော့မှာမဟုတ်ဘူး Jeonလိုလူမျိုးက ဘယ်ဆက်ဆံရေးမျိုးမဆို လွယ်လွယ်နဲ့ဖျတ်တောက်တတ်တယ် သေလောက်အောင် နာကျင်နေလဲ ဖုံးကွယ်ထားပီး ဖျတ်တောက်ပစ်တယ်။ အဲ့နေ့ကစ Jeonဟာ ကျနော်နဲ့စကားမပြောခဲ့ဘူး ကျနော်လဲ Park jimin ရဲ့အကြောင်းစုံကို စုံစမ်းကာ Jeonဆီသို့သွားတဲ့အချိန်မှဘဲ စကားပြန်ပြောဖြစ်ခဲ့ကြတော့တယ်။

"Jeon မင်းရှာခိုင်းထားတဲ့ဟာ"

"ထားခဲ့လိုက်"

"Jeon"

မျက်နှာကိုတင်းမာထားကာ Jeonက ဒေါသထွက်နေမြဲ တချက်လေးတောင်ကျနော့်ကိုမကြည့်ခဲ့ဘူး။ ငယ်ငယ်ထဲကပေါင်းလာတဲ့သူငယ်ချင်းတေမလို့ ခနလေး မခေါ်မပြောရင်တောင် ကမ္ဘာပျတ်နေရတဲ့အခြေအနေ။

"ဘာလဲ"

"ငါ့ကို တကယ်စကားမပြောတော့ဘူးလား ဒေါသမထွက်ပါနဲ့တော့ကွာ ငါတောင်းပန်ပါတယ်"

"ဘယ်သူပြောလဲ မင်းကိုဒေါသထွက်နေတယ်လို့"

"မင်းမျက်နှာပေါ်မှာမြင်နေရတယ်"

"ငါမင်းကိုဒေါသမထွက်ပါဘူး အခုတလောစိတါရူပ်နေတာ"

"စိတ်ထဲ ဘဝင်မကျတာတေခနထား မင်းရဲ့ကောင်လေးအကြောင်းပြောပြမယ်"

"ဘယ်ကငါ့ကောင်လေးလဲ  အဲ့မာနခဲလေးလား ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး"

"ထားပါတော့ ငါပြောပြမယ်"

"အင်း ပြော"

"အသက်က 21 ဖထွေးနဲ့နေတာ အမေကဆုံးပီ အဖေကိုရီာနေတယ်လို့ကြားတယ် အခုတလောတော့ သူ့သူငယ်ချင်းအိမ်မှာနေတယ်တဲ့ ဖထွေးနဲ့စကားများပီးဆင်းသွားတာ အလုပ်တေအများကြီးလုပ်တယ် Kim Tae hyungဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ် "

အမုန်းမျက်ရည်(Completed )Where stories live. Discover now