Ep-1

2.6K 113 6
                                    

(Unicode )



"ယူလိုက်ပါ jimin"

"ငါတကယ် မလိုချင်တော့ဘူး များနေပီ ထယ်ငါ့ကိုကူညီနေတာ အရမ်းများလွန်းနေပီ"

"သူငယ်ချင်းတေကြားမှာ ဒါတေလိုအပ်လို့လား jimin ယူစမ်းပါ မယူရင် ငါလဲ တက္ကသိုလ်ဆက်မတက်တော့ဘူး"

"အဲ့လိုမလုပ်နဲ့လေ ထယ် မင်းအိမ်မက်တေရှိသေးတယ်မလား"

"ဒါဆိုမင်းကရော မင်းအိမ်မက်တေကို လက်လျော့လိုက်တော့မလို့လား"

ထယ်နဲ့ကျနော်က အလယ်တန်းကျောင်းမှာကတည်းက ခင်လာခဲ့ကြတဲ့ သူငယ်ချင်းတေ ကျနော်အကူအညီလိုတိုင်း ထယ်က မငြီးမငြူကူညီပေးတယ် ။ ထယ်တို့က ဂုဏ်သရေရှိအသိုင်းအဝိုင်းထဲကဆိုပေမဲ့ ထယ်တို့မိသားစုက နွေးထွေးတယ် ကြင်နာတယ် လောဘတေမရှိဘူး ဘဝကို သာမာန်လိုဘဲဖြတ်သန်းကြတယ်။ ကျနော်ကတော့ သာမာန်မိသားစုလြိုပြောရမှာထပ် ဖထွေးနဲ့နေနေရတဲ့ ဘဝသမားတယောက် မေမေဆုံးပီးကတည်းက ကိုယ့်ဘဝကိုယ် ‌ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ခဲ့ရတဲ့အချိန်တေ အချိန်ပိုင်းအလုပ်တေလုပ်ကာ ကျောင်းစရိတ်ကို ကိုယ့်ဘာသာကိုယ်ဘဲပေးချေနေရတဲ့အချိန်နေဆို ထယ်က အနားမှာရှိနေပေးပီး ကူညီပေးတယ် ထယ်က ကျနော့်ဘဝရဲ့မရှိမဖြစ်တဲ့လူတယောက်။

ထယ့်မှာ အိမ်မက်တေရှိတယ် ထယ်က အဆိုတော်တယောက်ဖြစ်ချင်တယ် ထယ့်မိဘတေကလဲခွင့်ပြုပေးတယ် ဘာဆိုဘာမှမလိုအပ်တဲ့ ဘဝလေးကိုပိုင်ဆိုင်ထားတယ်။ ကျနော်ကတော့ စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ချင်ပီး ကျနော့်အဖေအရင်းကိုရှာဖို့က ကျနော့်အိမ်မက်တခုပါ။

"Jimin ဘာတေစဉ်းစားနေတာလဲ"

"အော် အမ်း ဘာမှမဟုပါဘူး ထယ့်ပိုက်ဆံတေကို ငါအလုပ်လုပ်ပီးပြန်ဆပ်ပါ့မယ်"

"ရားးးးမလိုဘူးလို့ပြောတယ်မလား ငါတက်တဲ့ တက္ကသုိလ်မှာ မင်းရှိနေဖို့ဘဲလိုတာ ဟုပီလား"

"အင်းဘာ"

"ကဲ မင်းအလုပ်ပီးရင် ငါတို့ ဖောင်သွားတင်ကြမယ်"

"ငါအမြန်လုပ်လိုက်မယ် ထယ် ခနစောင့်"

Jimin အလုပ်တေပီးတာနဲ့ ကျနော်နဲ့အတူ ဖောင်သွားဖြည့်ကြတယ် သူအရမ်းပျော်နေတယ် ဒီတက္ကသိုလ်ဟာ ဘဝသစ်စရတော့မယ်ဆိုတဲ့အတိုင်း jiminဟာ တက်ကြွနေခဲ့တယ် ။ တကယ်တော့ jiminဟာ မာနခဲလေး သူ့ဘဝမှာ ကျနော့်ကို မရှိမဖြစ်လိုအပ်သလို jiminကလဲ ကျနော့်အတွက် မရှိမဖြစ်ပါဘဲ။ သူငယ်ချင်း‌ဆိုလို့ ကျနော်တယောက်ဘဲရှိတယ် jiminကို ခင်ချင်တဲ့သူတေများပေမဲ့ jiminက ဘယ်သူ့ကိုမှမယုံဘူး အေးဆေးဘဲနေတတ်ပီး ဘဝတက်လမ်းအတွက်ဘဲ ဦးစားပေးနေတဲ့သူတယောက်။

အမုန်းမျက်ရည်(Completed )Where stories live. Discover now