Ep-21

1.1K 68 12
                                    

(Unicode )




Ep_21

5 နှစ်ကြာပီးနောက်

"ဒီ Brandနဲ့လိုက်ဖက်မဲ့သူကို ရှာထားကြ Meeting ကိုဒီမှာတင် အဆုံးသတ်မယ် လုပ်စရာရှိတာ သွားလုပ်ကြတော့"

"ဟုတ်ကဲ့ ဌာနမှူးပတ်ခ်"

ဟုတ်ပါတယ် ပေါက်စလေးက ဌာနမှူးဖြစ်လာခဲ့ပီ  CEOနေရာကို တန်းယူလို့ရပေမဲ့ သူမယူခဲ့ဘူး ဘဝမှာ အတွေ့အကြုံတေ အများကြီးလိုတာကြောင့် သင်ယူလေ့လာကာ ဌာနမှူးနေရာကို ရွေးချယ်ခဲ့ခြင်း။ အဖေဖြစ်သူရဲ့ ကုပ္မဏီမှာ အထက်စီးမဆန်ဘဲ ဝန်ထမ်းတေနဲ့တသားထဲ လိုက်လျောညီထွေစွာနေတတ်သောသူ အလုပ်ကိုအာရုံစိုက်သောသူ အရူပ်အရှင်းကင်းကာ အချစ်ကိစ္စတေဆို စိတ်မဝင်စားသောသူ စတိုင်လစ်ကတော့ ဆံနွယ်တေကို နောက်သို့လှန်တင်ထားကာ နဖူးနားတွင် ဆံနွယ်အနည်းငယ်ကို ချထားသည် တစ်နည်းအားဖြင့် ခန့်ချောကြီးဆိုသူသည် ဌာနမှူးပတ်ခ်သာဖြစ်သည်။

"သား"

"ဟုတ် မား"

"မား အခုလိုမေးရတာ အားနာပေမဲ့ သား အခန်းထဲမှာ ပန်းစီးအခြောက်ကြီးကို ဘာလို့ ထားတာလဲ"

"စွန့်ပစ်လို့မရသေးလို့ပါ မား ဒီနေ့ ကျနော့်အခန်းဝင်တာလား"

"အင်း သားအဝတ်တေ မားလျှော်ပီးလို့ လာထားပေးတာ"

"ဟုတ် မား နောက်ဆို ကျနော် အဝတ်တေယူ မလျော်ပါနဲ့တော့နော် "

"သား စိတ်ဆိုးသွားတာလား မား မှာ သားအမေအပေါ် အကြွေးတင်ခဲ့တာတေရှိလို့ပါကွယ်"

"မားရယ် ဒီမှာကြည့်........မားက ကမ္ဘာပေါ်မှာအကောင်းဆုံးအမျိုးသမီးပါ.......ကျနော့်ကို သားတစ်ယောက်အဖြစ်လက်ခံခဲ့‌တယ်လေ.....ပီးတော့ မိခင်အရင်းတစ်ယောက်ရဲ့ မေတ္တာတေကိုလဲ ပေးတယ်....အတိတ်တေကို မေ့ပစ်လိုက်ပါတော့ မား....နော်"

"စကားတတ်တဲ့ကလေး......အလုပ်မှာရော အဆင်ပြေရဲ့လား"

"ဟုတ်"

Sadeဟာ သိပ်ကို ကြင်နာတတ်တယ် သားသမီးနှစ်ယောက်လူံးဟာ သွေးသားရင်းမဟုတ်‌တာတောင် စစ်မှန်တဲ့မေတ္တာတေကိုသာ ပေးအပ်ခဲ့တယ်  ကလေးတေအပေါ် အပြစ်ရှိသလို ခံစားရပေမဲ့ ကလေးတေဟာ Sadeကို အပြစ်မမြင်ရက်ခဲ့ပါ။

အမုန်းမျက်ရည်(Completed )Where stories live. Discover now