Ep-24

1.4K 64 5
                                    

(Unicode )


Ep_24

ဒေါက်......ဒေါက်

အိမ်ရှေ့ကတံခါးခေါက်သံကိုကြားပေမဲ့ ကျနော်ထင်တာမမှားရင် jimin အနောက်ကနေလိုက်လာခဲ့တာဘဲ........ဒီလိုညခင်းဘက်တေဆို ကျနော့်ရဲ့အိမ်က ဘယ်သူစိမ်းမှ မလာတာကြောင့်ဘဲ.......အဆက်မပျတ်ခေါက်နေပေမဲ့ မဖွင့်ပေးရဲ ဒီကောင်လေးက ခေါင်းအတော်မာတာ.......အသံတေငြိမ်သက်သွားလို့ တံခါးနားကို နားစွင့်ကြည့်တော့ ဘာသံမှမကြားရတော့.......မိုးဖွဲလေးတေအနည်းငယ်ကျလာတာကြောင့် တံခါးကိုဖွင့်ကာ အပြင်မှာကျန်ရှိနေတဲ့ ပန်းချီလေးကို သွားယူမည်အလုပ်......တံခါးရှေ့မှာ ဒူးထောက်လျှက်သားနဲ့ ဒီကောင်လေး......မျက်ဝန်းထဲတွင်မျက်ရည်တေအပြည့်........နဲ့မော့ကြည့်လာသည်။

"Jeon........"

"မင်းဘာလို့ ဒီမှာရှိနေသေးတာလဲ"

"Jeon.........."

ဒီကောင်လေးကိုလျစ်လျူရူကာ သူ့ပန်းချီကားကို သွားယူနေချိန် အနောက်ကနေ သိုင်းဖက်လာသူလေး.......မိုးတေရုတ်တရက် အချိန်မတော်ရွာလာခဲ့သည်.......

"လွမ်းနေခဲ့တာပါ.........အများကြီး......Jeonက ကျနော့်ကို မလွမ်းသလိုဘဲ.......အချိန်အကြာကြီးပစ်ထားခဲ့တာ"

"Jimin......လွတ်စမ်း"

"ဟင့်အင်း.......မလွတ်ဘူး.....ဘာလို့ Jeon က ကျနော့်ကို သူစိမ်းဆန်နေတာလဲ"

"Park jimin........"

ဖက်ထားတဲ့လက်‌ေတကိုဖြုတ်ချလိုက်ကာ မျက်နှာချင်းဆိုင်ကြည့်လာပီး jiminရဲ့ ပုခုံးနေကိုကိုင်ကာ
အော်ဟစ်ပြောဆိုနေခဲ့သည်။

"မင်းဘာလို့ ဒီလိုတေလုပ်နေရတာလဲ jimin......ငါလိုကောင်ကို ဘာတေများ မက်မောနေတာလဲ......မမုန်းဘူးလားငါ့ကို"

"မုန်းတယ်......အရမ်းမုန်းတာ အခုလိုဖြစ်အောင်လုပ်တဲ့ မင်းကို အရမ်းမုန်းတာ......အရမ်းချစ်ပြခဲ့ပီး ပစ်ထားခဲ့တဲ့ မင်းကို သေလောက်အောင်မုန်းတာ......ငါ့အပေါ်ကောင်းပြခဲ့ပီး အခုလိုပြန်ပီး သူစိမ်းဆန်သွားတဲ့ မင်းကို စောက်ရမ်းမုန်းတာ......"

"မုန်းရင်လဲ ပြန်တော့ကွာ....."

"နာကျင်မူ့တေကလွဲလို့ မင်းဘာများပေးအပ်ခဲ့ဖူးလို့လဲ Jeon......မာနချင်းပြိုင်တဲ့ပွဲမှာ မင်းနိုင်ခဲ့ပေမဲ့....နှလုံးသားရေးရာကစားပွဲမှာတော့ မင်းရူံးခဲ့တာ Jeon မင်းရူံးခဲ့တာ"

အမုန်းမျက်ရည်(Completed )Where stories live. Discover now