7

26.8K 1K 25
                                    

Unicode

မနက် ၈နာရီရှိနေပြီမလို့ ပျိုလေးတို့အိမ်တွင် စာသင်မည့် ကလေးများ လူစုံနေလေ၏။

ပုံမှန် မနက်စောစော ထတတ်သည့်ကလေးသည် ယနေ့မှ နောက်ကျနေတာကြောင့် ဒေါ်ခင်အေး စိတ်ပူသွားမိသည်။

"သားလေး နေမကောင်းဘူးထင်တယ်"

"ကျွန်မ သွားကြည့်လိုက်မယ် အကို"

ယောကျာ်းဖြစ်သူကို ပြောပြီးတာနှင့် ပျိုလေး အခန်းဘက်ကို လျှောက်လာလိုက်သည်။

ထရံကို သစ်သားဖြင့် အနားကွပ်ထားသည့် တံခါးချပ်ကို တွန်းဖွင့်လိုက်တော့ တံခါးဝမှာတင် ပြန့်ကျဲနေသည့် အင်္ကျီနှင့် ပုဆိုးများကို တွေ့လိုက်ရသည်။

တစ်ဆက်တည်း ကုတင်ပေါ်ကို ကြည့်လိုက်တော့ သားဖြစ်သူကိုရင်ခွင်ထဲ ထည့်အိပ်နေသည့် ဒေါ်ငွေခင်ရဲ့သားကို တွေ့လိုက်ရသည်။

"ဘုရားရေ! ၊ ဟဲ့ ထစမ်း ဒါက ဘယ်လိုတွေဖြစ်နေကြတာလဲ"

သားဖြစ်သူကို ဖက်ထားတဲ့ ကောင်လေးရဲ့ လက်မောင်းကို တစ်ဖက်ဖက်ရိုက်လိုက်ကာ လှုပ်နှိုးမိသည်။

မော်ကွန်း သူ့ကို လှုပ်နှိုးနေသလို ခံစားရတာကြောင့် မျက်လုံးမပွင့်တပွင့်နဲ့ အပေါ်ကလူကိုကြည့်လိုက်တော့ ပျိုလေးသွင်ရဲ့ အမေ ဖြစ်နေလေသည်။

မနေ့က ကိစ္စများခေါင်းထဲ အစီအရီ ကျလာတော့ ရင်ခွင်ထဲကလူကို စောင်ဖြင့် လုံအောင်သေချာခြုံပေးလိုက်ရင်း

"အဒေါ် အပြင်ခဏထွက်ပေးပါ ၊ ကျုပ် အင်္ကျီဝတ်ချင်လို့"

ဒေါ်ခင်အေးမှာ စိတ်တိုလွန်းလို့ မျက်ရည်ပါ တပေါက်ပေါက်ကျလာကာ

"ပျိုလေးသွင် ၊ ထစမ်း နင်!... အိပ်မနေနဲ့ အခုထ!!"

အားနဲ့ လှုပ်နှိုးသော်လည်း သားဖြစ်သူမှာ တုတ်တုတ်မှ မလှုပ်ပေ။

"အဒေါ် !! ပျိုလေးသွင်ကို မထိနဲ့"

အိပ်နေတဲ့လူကို အတင်းလှုပ်နှိုးနေတဲ့ မတော်ရသေးတဲ့ ယောက္ခမဖြစ်သူရဲ့ လက်ကို အားနှင့် ဆွဲဖယ်လိုက်ပြီး ပျိုလေးကို စောင်နဲ့ သေချာပက်ပြီး သူ့ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

ပျိုလေးချစ်သော မောင် - BL Where stories live. Discover now