Unicode [ warning 18+ ]
"အဖေ ဒီညတော့ ကျုပ် လယ်ထဲမလိုက်တော့ဘူး"
"မင်းကဘာလို့မလိုက်မှာလဲ"
"ကျုပ် ဒီည အဖေ့သမက်အိမ်သွားအိပ်မလို့ ၊ ကျုပ်ယောက္ခထီးက မသွားခင်မှာခဲ့တယ် သူ့သားနဲ့ ညသွားအိပ်ပေးပါဦးတဲ့"
"ဟေ ၊ မင်းဟာ ပတ်ဝန်းကျင်ရှိသေးတယ်လေ သားရ"
"ညဘက်ရောက်မှသွားမှာပါ ၊ နောက်ပြီး ကျုပ်တို့အကြောင်းတစ်ရွာလုံးသိနေတာပဲဟာ"
"သိသာသိ မမြင်စေနဲ့တဲ့ ၊ သိုသိုသိပ်သိပ်နေကွာ"
"မသိုသိပ်နိုင်ပါဘူး ၊ သိုသိပ်ရင် ကျုပ်ယောကျာ်း သူများအငမ်းခံရမှာပေါ့"
"မင်း ယောကျာ်းကိုဘယ်သူမှမငမ်းဘူး ၊ မင်းပဲဖြစ်နေတာ"
"ချစ်တာကိုဗျ"
လက်ထဲက ကိုင်ထားတဲ့ ပေါက်တူးနဲ့ ရိုက်လိုက်ရင် မကောင်းရှိတော့မယ်။ သားအရင်းမလို့ပေါ့ကွာ။
တစ်ဖက်က ကလေးကိုတော့ သနားပါရဲ့ မငွေခင်တောင်မနိုင်တဲ့ မဆိုးအပေကို လက်ထပ်ရတော့မယ်။
___________________ဖေဖေနှင့်မေမေ မြို့ကို သွားတော့ အိမ်မှာပျိုလေးတစ်ယောက်ထဲသာ ကျန်ခဲ့လေ၏။
တစ်နှစ်တစ်ခါ ဖေဖေ့ဘက်က အမျိုးတွေဆီ သွားလည်တတ်ကြတာမလို့ ပျိုလေး လည်းလိုက်သွားချင်သော်ညား အိမ်မှာ ကလေးတွေ စာပြရမည်မလို့ မလိုက်ဖြစ်ပေ။
ဒီနှစ်တော့ အိမ်မှာသာ အချိန်ကုန်ရတော့မည်ထင်။
အိမ်မှာ ပျိုလေးတစ်ယောက်ထဲ ရှိသည်ဟု မော်ကွန်းကိုလည်း အသိမပေးရဲပေ။ မဟုတ်လျှင် ဒီကောင်လေးက လက်ကလေးကိုင်ပြီးပဲ ညအိပ်မဲ့အထဲမှာ မပါတာ ပျိုလေး အသိ။
အချိန်သည် တစ်ဖြေးဖြေးကုန်ဆုံးလာကာ ညအချိန်သို့ ရောက်လာလေ၏။
ခြံနှင့်အိမ်မှာရှိသည့် တံခါးပေါက်တွေကို ပျိုလေး သေချာပိတ်ရင်း မိမိအခန်းထဲသို့ ဝင်လာလိုက်တော့ ပျိုလေး အခန်းထဲမှာ ပျိုလေးကို ပြုံးပြီးကြည့်နေတဲ့ မောင့်ကို တွေ့လိုက်ရသည်။
"ဟင် ဘယ်လိုရောက်လာတာလဲ"
"ပျိုလေး ခြံတံခါးမပိတ်ခင်ကလေ"
YOU ARE READING
ပျိုလေးချစ်သော မောင် - BL
Fantasy"ကျုပ်က ခင်ဗျားကြောင့် ဂေးသွားတာ ပျိုလေးသွင် ၊ အဲတော့ ခင်ဗျား ကျုပ်ကို တာဝန်ယူရမယ်" "မော်ကွန်းမောင်!!" မြို့မှ ပြောင်းလာသည့် ကောင်လေး ပျိုလေးသွင်နှင့် ရွာမျက်နှာဖုံး ရဲ့ သား မော်ကွန်းမောင်။