20

26.5K 879 15
                                    

Unicode { warning 18+ }

ဝါကျွတ်လျှင် လက်ထပ်မည်ဆိုသည့် အစီအစဉ်သည် ပျိုလေး ကျောင်းပိတ်မှ လက်ထပ်မည်ဟု ပြောင်းလဲခဲ့တာကြောင့် မော်ကွန်းမှာ မကျေနပ်ပေ။

"ဘာလို့လဲ မောင့်ကို ကတိပေးထားပြီး"

"မောင်ကလည်း လပိုင်းပဲစောင့်ရတော့မှာကို"

"ဟုတ်ပါပြီ"

"စိတ်ဆိုးသွားတာလား"

"မဆိုးပါဘူး"

"မွ.... မောင်က ချစ်စရာကောင်းတယ်"

"အဟွန်း... အဲ့အပြောလေးတွေကိုပဲ ကြွေနေရတာ"

ရွာအနောက်မှ ကန်ဘောင်ပေါ်တွင် နှစ်ယောက်သား ထိုင်နေလေသည်။ မော်ကွန်းက ပျိုလေးကို ရင်ခွင်ထဲ ထည့်ကာ ဖက်ထားလေ၏။

"ပျိုလေး"

"ဗျာ"

"မောင့်ကို ချစ်လား"

"ချစ်တယ်"

"ဘယ်လောက်ထိလဲ"

"ဘာနဲ့မှ တိုင်တာမရတဲ့အထိ"

"မောင်က ပျိုလေးကို အဲ့ထက် နှစ်ဆပိုချစ်တယ်"

"မောင့်ကို ယုံပြီးသား"

ရင်ခွင်ထဲမှ ပျိုလေးကို အပေါ်စီးကနေ ငုံကြည့်ရင်း ပျိုလေး၏ ဆံနွယ်တွေကို တစ်ချက်နမ်းကာ အတော်ကြာမှ ပျိုလေး မေးစေ့ကို သူ့လက်တစ်ဖက်ဖြင့် ဆွဲယူ၍ ခေါင်းမော့စေပြီး နှုတ်ခမ်းထက် အနမ်းခြွေလေသည်။

'ပြွတ်စ်'

"ချစ်တယ်"

"ပျိုလေးလည်း မောင့်ကို ချစ်တယ်"

ထို့နောက် ပျိုလေးကို သူနှင့် မျက်နှာချင်းဆိုင် ဆွဲလှည့်ကာ

"ဒီနဖူးလေးက မောင့်အပိုင်...မွ"

"ဒီ ပါးဖောင်းဖောင်းလေးတွေကလည်း မောင့်အပိုင်....မွ"

"ဒီနှာခေါင်းလုံးလုံးလေးကလည်း မောင့်အပိုင်...မွ"

"ဒီမျက်ခွံ ၊ မျက်လုံး ၊ မျက်ခုံး အကုန်လုံး မောင့်အပိုင်...မွ မွ မွ"

"ဒီမေးစေ့ လုံးလုံးလေးကလည်း မောင့်အပိုင်ပဲ....မွ"

"ဒီနားရွက်လေးတွေရော မောင့်အပိုင်....."

ပျိုလေးချစ်သော မောင် - BL Where stories live. Discover now