14

26.9K 1K 55
                                    

Unicode

အလှူနေ့သို့ ရောက်လာခဲ့ပြီ။

အလှူ့ရှင်ရဲ့ သားနှင့်သမီးဖြစ်သည့် မော်ကွန်းမောင်နှင့် ဝင့်ဝါလှိုင်မှာ လူအများ၏ ဂရုတစိုက် ကြည့်ခြင်းကိုခံရလေသည်။

မော်ကွန်းမောင်သည် ဆွဲကြိုးတစ်ကုံးကို အင်္ကျီလည်ဂတုံး အဖြူပေါ်မှာဆွဲထားပြီး အောက်က ပုဆိုးအကွက်စိတ်အပြာရင့်ရောင် ကိုဝတ်ဆင်ထားလေသည်။

တစ်ဖက်ရွာမှ အပျိုများနှင့် မြို့ပေါ်မှ ဧည့်သည်များ၏ မျက်လုံးများသည် မော်ကွန်းမောင်ပေါ်တွင် စုနေလေ၏။လူအများ၏ မျက်လုံးများသည် မော်ကွန်းမောင်ထံ ရှိနေသော်လည်း မော်ကွန်းမောင်၏ မျက်လုံးများသည် ‌မဏ္ဍာပ် အပြင်မှ ပျိုလေးသွင်ထံတွင်သာ ကပ်ငြိနေလေ၏။

"ကိုကြီး ၈နာရီကျ ရှင်လောင်းလှည့်မယ်ပြောတယ် ၊ ကိုယ်လိုက်မဲ့ ရှင်လောင်းကို သွားရှာပြီး မြင်းတွေ အသင့်လုပ်တော့တဲ့"

"အေးအေး"

မြင်းတွေနှင့် ရှင်လောင်းတွေသည် ပျိုလေးသွင်လောက် အရေးမကြီးတာမလို့ ပျိုလေးသွင်ထံ အရင်လျှောက်သွား၏။

"ပျိုလေးသွင် ယောက္ခမကြီးတို့ရော"

"တိုးတိုးပြောပါ လူတွေကြားကုန်မှဖြင့်"

ပျိုလေးတို့အကြောင်းကို နှစ်ဖက်မိဘအပြင် ၊ ဦးလေးတို့မိသားစုသာ သိသည်မလို့ သတိပေးလိုက်ရခြင်း။

နောက်ပြီး အလှူအိမ်မှာမလို့ အသံတွေက ဆူညံ့နေကာ မော်ကွန်းမောင် အသံဟာ အတော်လေး ကျယ်ပါသည်။

ပျိုလေးက မဏ္ဍာပ် အရှေ့မှာမလို့ ပိုစိုးရိမ်မိ၏။

"နောက်လည်း သိရမှာပဲ ၊ ရှင်လောင်းလှည့်ရင် လိုက်ဦးမှာလား"

"မလိုက်တော့ဘူး ၊ နေအရမ်းပူတာ ပျိုလေး ခေါင်းမူးချင်နေလို့"

အလှူအိမ်က ဝက်သားကျွေးတာမလို့ ခေါင်းမူးတာပိုစိုးပါသည်။

"အာ့ဆို မောင့်ကို ပျိုလေးတို့ အိမ်ဘေးကနေတော့ ကြည့်ဗျာ"

"ရှင်လောင်းက မောင်မှ မဟုတ်ပဲ"

ပျိုလေးချစ်သော မောင် - BL Where stories live. Discover now