Unicode
ဘော်ဒါကိုပြန်ခါနီး ပျိုလေးသွင်ကိုသွားတွေ့ချင်ပေမဲ့ အချိန်မရတော့တာကြောင့် မတွေ့ဖြစ်ခဲ့ရပေ။
"အမေ"
"အေး"
"ကျုပ်ဟိုတစ်ခါပြောတဲ့ မြေနေရာလေ အဲ့တာလေး ကျုပ်ဘော်ဒါက ပြန်လာရင်ဆောက်မယ်နော်"
"ဆယ်တန်းက အောင်မှာရော သေချာလို့လား"
"မော်ကွန်းမောင်တို့က မပိုင်ရင် ခြင်တောင်မရိုက်ဘူး သိတယ်မလား"
"သဘော ၊ ပြန်လာရင် ဟိုဘက်ရွာမှာ အိမ်တိုင်ထောင်ဖို့ ကျွန်းတိုင်တွေ သွားကြည့်ကြမယ်"
"အာ့ဆို ကျုပ်သွားပြီ"
"ဂရုစိုက်ဦး"
မိခင်ဖြစ်သူကို တစ်ချက်ခေါင်းငြိမ့်ပြခဲ့ကာ စာအုပ်တွေသယ်၍ ဘော်ဒါသို့ပြန်ရတော့၏။ ပျိုလေးသွင်ရာ ခင်ဗျားကိုရဖို့ အချိန်တွေစောင့်လိုက်ရတာ။
____________________
ဘုရားမီးလှည့်တဲ့ တတိယညမှာတော့ မော်ကွန်းဟာ ဘော်ဒါပြန်သွားပြီမလို့ ပျိုလေးအဖို့ လွတ်လပ်နေလေ၏။ကလေးတွေပုံ ရိုက်ယူမလို့ ကြည့်လိုက်တော့ ဖုန်းရဲ့ wallpaper မှာ ပေါ်လာတဲ့ ပျိုလေးနဲ့သူ အတူတွဲရိုက်ထားတဲ့ပုံ။ ဒါ ပထမ ညတုန်းက ပျိုလေးဖုန်းကိုယူပြီး သူပြောင်းလိုက်တယ်ထင်ပါ့။
သောက်ကလေး လုပ်ချင်တိုင်းလုပ်နေတော့တာပဲ။
Lock screen မှာထားတဲ့ပုံကို Home Screen မှာ ပြန်ထားလိုက်သည်။ lock screen မှာဆို သူများမြင်ရင်ရှက်စရာကြီးမလား။
ထားချင်လွန်းလို့တော့မဟုတ်ဘူး သူပြန်လာလို့ မတွေ့ရင် ပျိုလေးအရစ်ခံရမှာဆိုးလို့။
"အမယ် ဒီရက်တော့ငြိမ်နေပါ့လား ၊ မဟုတ်မှ ဟိုကောင်လေး မလာလို့လား"
ဖုန်းကိုကြည့်ရင်း အလုပ်ရှုပ်နေတဲ့ ပျိုလေးကို ငြိမ်းက လာစ နေလေသည်။
"မဟုတ်..မဟုတ်ပါဘူး ပေါက်ကရ"
"မင်းတို့ နှစ်ယောက်လိုက်သားပဲ မဆိုးဘူး'
ရုပ်တည်ကြီးနှင့် ထူးလွင်ကပါ ထ ပြောတာကြောင့် ပျိုလေးမှာ ရှက်လွန်းလို့ ကြွင်းထဲကို ဝင်ပုန်းချင်ပါ၏။
YOU ARE READING
ပျိုလေးချစ်သော မောင် - BL
Fantasy"ကျုပ်က ခင်ဗျားကြောင့် ဂေးသွားတာ ပျိုလေးသွင် ၊ အဲတော့ ခင်ဗျား ကျုပ်ကို တာဝန်ယူရမယ်" "မော်ကွန်းမောင်!!" မြို့မှ ပြောင်းလာသည့် ကောင်လေး ပျိုလေးသွင်နှင့် ရွာမျက်နှာဖုံး ရဲ့ သား မော်ကွန်းမောင်။