4

29.6K 1.1K 35
                                    

Unicode

ပျိုလေး နောက်လှည့်ကြည့်လိုက်တော့ ပျိုလေးဆီ တစ်လှမ်းချင်းလျှောက်လာတဲ့ ထိုလူ။

"ခင်ဗျား ဘာလို့ အဲ့လောက်ကြာနေရတာလဲ ကျုပ်စောင့်နေတာ အရမ်းကြာနေပြီ"

ဟင် ပျိုလေးလည်း မစောင့်ခိုင်းမိပါပဲ ဘာလို့ ဒီလိုပြောရတာလဲ။

"ပျိုလေး မစောင့်ခိုင်းထားမိပါဘူး‌"

"ကျုပ်ဘာသာ စောင့်တာတောင်မရဘူးလား"

"ရပါတယ်"

အသာလွတ်ကြီး လာအော်နေတယ် ဒီလူကတော့။

"ခင်ဗျား ကျူရှင်သင်မယ်ဆို"

"ဟုတ်တယ်"

"ကျုပ်လာတတ်လို့ရလား"

"ဗျာ"

ထောင်ထွက်ဆို သူက ကျောင်းတတ်နေသေးတာလား။ပုံစံကြည့်ရတာ ပျိုလေးထက်တောင် ကြီးမဲ့ပုံကို။

"ကျုပ်လာတတ်လို့ ရလားလို့ ၊ ဖြေဗျာ စိတ်မရှည်ဘူး"

"ပျိုလေးက ကလေးတွေပဲသင်မှာ"

"ကျုပ်လည်း ကလေးပဲ"

"မင်း အရွယ်က ကလေးမဟုတ်တော့ဘူး ၊ မင်းတို့အရွယ်တွေ စာမသင်ဘူး"

"ခင်ဗျား မသင်ဘူးလား"

"ဟင့်အင်း"

"ကောင်းပြီလေ ကျုပ် စာမေးပွဲမဖြေတော့ဘူး"

"ဘာရယ်"

"ကျုပ်က ဆယ်တန်းကျောင်းသား ၊ အစကတော့ ခင်ဗျား သင်ပေးရင် စာကြိုးစားမလို့ပဲ ၊ ဒါပေမဲ့ အခု ခင်ဗျားက မသင်ပေးတော့ ကျုပ်မဖြေတော့ဘူး"

"ပျိုလေးက ကျောင်းဆရာမဟုတ်တဲ့အတွက် ဆယ်တန်းစာကို သင်ဖို့မနိုင်ဘူး"

"ကျုပ်အကုန်တတ်တယ် ၊ ခင်ဗျားလုပ်ရမှာ ကျုပ်မရတာတွေ ဖြေပေးရုံပဲ ၊ တစ်လပဲဗျာ ခင်ဗျား အဆင်မပြေဘူးလား"

အဲ့လောက်တတ်နေရင် ကိုယ့်ဘာသာ ကျက်ပါ့လား။

"ဟင့်အင်း ၊ ပျိုလေး မသင်ဘူး"

"ကျစ်! .... ကျုပ် ဘယ်လို လုပ်မှ သင်ပေးမှာလဲကွာ"

မော်ကွန်း စိတ်ရှုပ်ရှုပ်ဖြင့် ပုံသွင်းထားသည့် ဆံပင်များကို ထိုးဖွလိုက်သည်။

ပျိုလေးချစ်သော မောင် - BL Where stories live. Discover now