19

27.2K 915 20
                                    


Unicode

အချိန်သည် နှစ်လကြာသွားခဲ့၏။

ပျိုလေးသည်လည်း ကျောင်းနှင့်အိမ် မအားမလပ်ဖြစ်နေလေ၏။

"အကိုပျိုလေးသွင်"

"ဝင့်ဝါလှိုင် လာလေ ညီမ"

"အမေက အိမ်မှာမုန့်လုပ်စားတာ ပေးခိုင်းလိုက်လို့"

"ခဏနော် ချိုင့်သွားလှယ်လိုက်ဦးမယ်"

"ဟုတ်ကဲ့"

ကလေးတွေ စာသင်နေသည့် အကိုပျိုလေးသွင်ကို ကြည့်ရင်း အိမ်ကအကိုနှင့်တောင် မတန်သလိုခံစားရမိ၏။

အေးပေါ့လေ ဖူးစာစုံချင်တော့လည်း မြို့ကနေတောင် တကူးတက ရောက်ချလာတယ်လို့။

"ရပြီ ညီမ"

"ဟုတ်"

"ဒါနဲ့လေ မော်ကွန်းရောဟင်"

"အာ...ကိုကြီး အိမ်မှာရှိတယ် ၊ ဒါပေမဲ့ အိမ်မှာသူ့သူငယ်ချင်းတွေရောက်နေတာ နှစ်ရက်တော့ရှိပြီ ၊ အာ့ကြောင့်အကို့ဆီ မလာဖြစ်တာထင်တယ်"

ပျိုလေး မေးတော့မဲ့ မေးခွန်းကို သိသလိုဖြေလာတဲ့ ဝင့်ဝါကြောင့် ရှက်အမ်းအမ်းတောင်ဖြစ်မိ၏။

"ကျေးဇူးပါနော်"

"ဟုတ်ကဲ့ ပြန်ပြီနော်"

ပျိုလေး ခေါင်းငြိမ့်ပြတော့ ဝင့်ဝါက အိမ်ပြန်သွားလေသည်။ ကလေးတွေကို စာဆက်သင်ရင်း မောင့်ဆီရောက်လာသည့် ဧည့်သည်တွေဟာ ဘယ်သူတွေလဲလို့ တွေးနေမိ၏။
__________
ညအချိန်မှာ ပျိုလေးတို့ မိသားစုသုံးယောက် ထုံးစံအတိုင်း အိမ်ရှေ့မှာထွက်ထိုင်ကြ၏။ ဒီည မိုးမရွာတာကြောင့် ကောင်ကင်ပေါ်မှာ ကြယ်တွေ တောက်နေလေ၏။

"ဘာလိုလိုနဲ့ တို့တွေတောင် ဒီကိုပြောင်းလာတာ တစ်နှစ်ကျော်နေပြီပဲ"

"ဟုတ်တယ် မေမေ"

"ဒါနဲ့ သား မင်းကောင်လေး အဂ်ါနေ့ အောင်စာရင်းထွက်မယ်ဆို"

"ပျိုလေးတော့ ဘာမှမသိသေးဘူး ဖေဖေ"

"အဲ့တာထက် သားက တင်းတောင်းပစ္စည်းတွေကို လက်မခံဘူးပြောတယ်ဆို"

"ဟုတ်တယ်ဖေဖေ ၊ ပျိုလေး ကိုယ့်အားကိုယ် ကိုးချင်လို့ပါ"

"ဘယ်ဟုတ်‌မလဲသားရယ် ၊ မေမေပြောပြမယ် ၊ ပစ္စည်းတွေကို လက်ခံလိုက် တစ်ချိန် သူတို့လိုအပ်ရင်ပြန်ထုတ်ပေးလို့ရတယ် ဘာပဲဖြစ်ဖြစ် ကိုယ့်မှာရှိထားတော့ ပိုကောင်းတာပေါ့"

ပျိုလေးချစ်သော မောင် - BL Where stories live. Discover now