တောက်!
အိမ်ဟောင်းတိုက်ကြီးရဲ့ ဧည့်ခန်းအလယ်မှာ ရပ်နေတဲ့ ကျက်သရေရှိလွန်းလှတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး။ မြန်မာအမျိုးသမီး ပီသစွာ ပါတိတ်၀မ်းဆက်အား၀တ်ဆင်ထားေလသည်။တစ်ကိုယ်လုံး စျေးကြီးတန်တွေစီရင်ထားတယ်။ လက်ပတ်ဟာဆိုရင် Vပုံစံရှိပြီး Diorလက်ကိုင်အိတ်အားကိုင်ဆောင်ထားပြီး လက်ဖြူဖြူလေးမှာ အစိမ်းရောင်သွေးကြောများက သူမနဲ့လိုက်ဖက်လွန်းလှတယ်။နက်မှောင်လွန်းလှတဲ့ ဆံနွယ်တွေကို ဆံထုံးလေးထုံး၍ နှင်းဆီပန်းအနီအားပန်ထားလေသည်။ နှုတ်ခမ်းသေးသေးလေးမှာ ရဲတောက်လွန်းတဲ့အနီရောင်ကိုခြယ်သထားပြီး စူးရှလွန်းတဲ့မျက်လုံးတစ်စုံအားပိုင်ဆိုင်ထားလေသည်။ဦးကျော်စွာအောင် တောက် တစ်ချက်ခေါက်ကာ
"ဒီမိန်းမ ဘယ်လိုလုပ်ဒီရောက်လာရတာလဲ"
ဦးကျော်စွာအောင်ရဲ့နောက်လိုက်ဟာ တိုးတိုးလေးလာပြောသည်။
"ကျွန်တော်လည်းမသိဘူး ဆရာ ဧည့်ခန်းထဲမှာစောင့်နေတယ် ဗျ"
ဦးကျောင်စွာမှာ ရူဘီမှောင်ခိုလုပ်ငန်းကို အုပ်ချုပ်သူဖြစ်လေသည်။ သခင်ကြီးဦးကျော်စွာအောင် အားမသိသူမရှိပေ။ ကလေးတွေကိုရောင်း၀ယ် လူကုန်ကူး ေသာ လုပ်ငန်းမှာ သူသဘောအကျဆုံး အလုပ်ဖြစ်လေသည်။ သူ၏မှောင်ခိုလုပ်ငန်းကိုတွဲဖက်တွေသာသိလေသည်။
လုပ်လိုက်စအလုပ်ကိုရပ်ကာ
"ဒီကလေးမရဲ့ ပါးစပ်ကို တိတ်နဲ့အုပ်ချီ ခန္ဓာကိုယ်ကို ကြိုးတုတ်ထား "
၅ယောက်လောက်ရှိတဲ့နောက်လိုက်များက ကိုယ်ကို ကုံးကာ
"ဟုတ်ကဲ့ သခင်ကြီး"
ခြေလှမ်းတွေဟာ ရူးမူးလောက်စရာ လက်ကို ဘောင်းဘီဘေးအိတ်ကပ်ထဲထည့်၍ ဧည့်ခန်းရှိရာအောက်ဆုံးအထပ်သို့ဆင်းလေသည်။ လှေကားကနေ ဆင်းလာသော ထိုသူအားကြည့်၍
ဒေါ်ကေတီခိုင်သည် တစ်ချက်ပြုံးလေသည်။
"ထိုင်ပါ ဘာကြောင့်များ ရပ်စောင့်နေရတာလဲ ဒေါ်ကေတီခိုင်"
"အရေးကြီးကိစ္စရှိလို့ပါ ဦးကျော်စွာအောင်"
"ထိုင်ပါ ထိုင်ပါ"
YOU ARE READING
အကြင်နာသူမ(ongoing)
Romance"ကံ့ကော်ပန်းလေးတွေကြည့်ပြီး တစ်စုံတစ်ယောက်ကိုသတိရမိတယ် အဲ့လူက ကိုယ့်ရဲ့နှလုံးသားကို ပန်းတွေပွင့်စေခဲ့တဲ့ တစ်ဦးတည်းသောလူပေါ့" ဒေါ်ကေတီခိုင်💐