ဒီနေ့က ကြည်နဲ့မွန်တို့ရဲ့၁လပြည့်Anniversary ပေါ့။အချိန်တွေကြာလာတော့အရာအားလုံးပြောင်းလဲလာခဲ့တယ်။ လူတိုင်းပြောင်းလဲလာကြပေမဲ့ တစ်ယောက်ပေါ်တစ်ယောက်ချစ်နေကြတဲ့အချစ်တွေဟာတော့ လုံး၀ပြောင်းလဲခြင်းမရှိ။ ၀မ်းသာစရာကတော့ မွန်ဟာကြည်တစ်ယောက်ထဲကိုသာ ချစ်မိသွားပြီဆိုတာကိုပေါ့။ ဖိုးဖိုးက ဘန်ကောက်မှာဆေးသွားကုနေရတာ ၁လနီးပါးရှိပြီ ဒါကြောင့်လည်း ကြည့်ကိုခေါ်မဆူနိုင်သေးတာ ကြည်နဲ့မွန်အကြောင်းကို ဖိုးဖိုးကသိပြီးသားဖြစ်၍ တစ်နေ့တော့ ကြည့်ကိုခေါ်ဆူသေးတယ်လေ။ ကြည်ကိုယ်တိုင်တွက်ချက်ပြီးသားပဲ ရှမ်းမလေးအတွက်ဆိုဆူခံရတာ တန်မှတန်။ အော်..ဟီးဟီးပြောရဦးမယ် မွန်ကကြည့်တစ်ယောက်ထဲကိုပဲချစ်တော့တာ ဘာမှမနာလိုကြနဲ့နော်...။
"မောင့်! ထကွာ...အပျင်းမကြီးနဲ့လေ ရုံးသွားရဦးမှာကို"
"အွန်း..."
မျက်လုံးနှစ်ဖက်ကိုပွတ်သပ်ရင်း အပျင်းကြောတွေဆွဲနေသည်မှာ ပစ်ရိုက်ချက်စရာ တစ်ပြိုင်တည်း ဖက်နမ်းပစ်ချင်စရာ။
"မောင်နော်...."
"ရှင့်...ထပြီထပြီ"
ဒါပဲလေ ရှမ်းမလေးက ရှင့်လို့ထူးတာပဲကြိုက်တာ မိကြည်သာကိုတို့ကတော့ မလိုက်နာစရာဘာအကြောင်းမှမရှိ မွန်ကဒါဆို ကြည်တို့ကလုပ်ပြီးသားပဲ မယကလို့မစွတ်စွဲပါနဲ့ ချစ်တတ်တဲ့နှလုံးသားပိုင်ရှင်ရေလို့သာ ပြောကြပါ။
ကြည်တို့ အခုနေသည်မှာ တိုက်ခန်းလေးတစ်ခုမှာသာ အကြောင်းကတော့ နှစ်ယောက်လုံးက အိမ်ပေါ်ကဆင်းလာကြပြီးအတူတူနေနေကြခြင်းဖြစ်တယ် အွန်း..ပြောရရင် ခိုးပြေးပြီးလို့ လက်ထက်ပြီးပြီဆိုတာပဲ ကြီးကျယ်ခန်းနားတဲ့ မင်္ဂလာပွဲမဟုတ်ပဲ တရားရုံးကလက်မှတ်ထိုးရုံသာ မွန့်ကိုတော့ သူမအဖေကကန့်ကွက်ပြီး ကြည့်ကိုတော့ဖိုးဖိုးကကန့်ကွက်ထားတယ် မွန့်မိဘတွေက လက်ခံသွားပြီဆိုပေမဲ့ ကြည်ကတော့မျက်နှာပူရုံသာတတ်နိုင်သည် ။ ဖိုးဖိုးဘန်ကောက်မသွားခင်က ကြည့်ကိုခေါ်တွေ့သေးတယ် ကြည်ကမွန့်ကို ပဲရွေးချယ်ခဲ့တာ ဖေဖေနဲ့ပါးပါးကလဲ ဒီတစ်ခါမှာတော့ ကြည့်ကိုတားလဲမတားသလို လက်လဲလက်မခံပေ ။ လက်ခံပေးချင်ရင်တောင် ဖေဖေက ဒီမိသားစုနဲ့ဘာမှမသတ်ဆိုင်တဲ့လူတစ်ယောက်ဖြစ်နေခဲ့တာမို့ ဖေဖေ၀င်ပြောလဲဘာမှထူးမလာ ။အမြဲတမ်းအလိုလိုက်ပြီးချစ်ပေးတဲ့ ဖိုးဖိုးနဲ့အဘွားကိုတော့ ကြည် တစ်ကိုယ်ကောင်းစိတ်မမွေးချင်။ သေချာပါတယ် ဖိုးဖိုးပြန်လာတာနဲ့ ကြည်တို့ကို ပြန်ခွဲမယ်ဆိုတာကိုပေါ့။ အခုအချိန်မှာကတော့ ရှမ်းမလေးရဲ့အချစ်ကိုတစ်၀ကြီး ခံစားလိုက်ဦးမယ် single အပေါင်းတို့။
YOU ARE READING
အကြင်နာသူမ(ongoing)
Romance"ကံ့ကော်ပန်းလေးတွေကြည့်ပြီး တစ်စုံတစ်ယောက်ကိုသတိရမိတယ် အဲ့လူက ကိုယ့်ရဲ့နှလုံးသားကို ပန်းတွေပွင့်စေခဲ့တဲ့ တစ်ဦးတည်းသောလူပေါ့" ဒေါ်ကေတီခိုင်💐