"လင်္ကာနဲ့မခင်ချင်လို့လား"
"မ . ...မဟုတ်ပါဘူး"
"ဒါဆို "
လက်ကိုကြည့်ပြတော့
"အော် ဟုတ်သား လရိပ်မေ့သွားတယ်"
"နာမည်လေးက လရိပ်တဲ့လား"
"ဟုတ် လရိပ်မောင်ပါ"
"နာမည်လေးရောလူလေးပါ ချစ်စရာလေးနော်"
"ဟို ..ကျေးဇူးပါ"
"အခုမှပြောင်းလာတာပဲ လာ လင်္ကာကူညီပါ့မယ်"
"ကျေးဇူးနော်"
လရိပ်တို့အဆောင်က မိန်ကလေးတွေအကုန်အခန်းတစ်ခန်းထဲအတူတူနေရတယ် ကုတင်တစ်ခုကို အပေါ်နဲ့အောက်နှစ်ခုရှိပြီး အပေါ်တစ်ယောက် အောက်တစ်ယောက် အိပ်ကြရတယ် ။ လရိပ်နဲ့ လင်္ကာ က အတူတူနေရတယ် သို့ပေမဲ့ လရိပ်က အောက်မှာအိပ်ရတယ်။ လင်္ကာကအပေါ်မှာအိပ်ဖို့ပြောပေမဲ့ အခုမှတွေ့တဲ့လူကိုတော့ ထပ်ပြီးကျေးဇူးမတင်ချင်တော့ပါ။
"ရတယ် လရိပ် ဒီကုတင်မှာပဲ အိပ်လိုက်မယ်"
"အဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ်"
ထူးဆန်းတာက လရိပ်ကို အားလုံးက အံ့အောစွာကြည့်နေကြတယ် ။ အခုမှပြောင်းလာလို့လား ။ စိတ်ရှုပ်တာတော့အမှန်ပါပဲ။
"မာမီ့ကိုလွမ်းလိုက်တာ"
လရိပ်ကိုယ့်ကိုကိုယ်ပြန်ရီမိသည်။
ဟုတ်တယ်မလား အမေ့ကိုမလွမ်းပဲ မွေးစားမာမီကိုလွမ်းနေကြောင်းကိုပေါ့။ မာမီအခုချိန်ဘာတွေလုပ်နေမလဲ သတင်းစာဖတ်နေမလား အလုပ်တွေရှုပ်နေမလား ။ ကံ့ကော်ပင်တွေနားမှာနေပြီး တစ်စုံတစ်ယောက်ကို လွမ်းဆွတ်နေတဲ့မျက်လုံးလေးတွေနဲ့ ကံ့ကော်ပန်းလေးတွေကိုငေးကြည့်မလား ။ လရိပ် မာမီမို့ လရိပ်ပြောတာ မဟုတ်ပါ မာမီကဘယ်လိုနေနေလှပြီးကျက်သရေရှိနေတာ။"လရိပ် အိမ်ကိုလွမ်းနေတာလား"
"ဟုတ်တယ်"
"ပထမဆုံးလာတာမို့လို့ပါ ကြာရင်နေသားကျသွား လိမ့်မယ်"
"လင်္ကာက ဒီမှာကို ရောက်တာကြာပြီလား"
" မကြာသေးပါဘူး ၃နှစ်ပဲရှိသေးတယ်"
YOU ARE READING
အကြင်နာသူမ(ongoing)
Romance"ကံ့ကော်ပန်းလေးတွေကြည့်ပြီး တစ်စုံတစ်ယောက်ကိုသတိရမိတယ် အဲ့လူက ကိုယ့်ရဲ့နှလုံးသားကို ပန်းတွေပွင့်စေခဲ့တဲ့ တစ်ဦးတည်းသောလူပေါ့" ဒေါ်ကေတီခိုင်💐