ဒေါ်ကေတီ လရိပ်ကို နှုတ်ဆက်လိုက်သည်။ မျက်နှာမကောင်းစွာဖြင့်ပါသွားသော ကလေးငယ်ကို ဒေါ်ကေတီ မသိချင်ယောင်ဆောင်လိုက်လေသည်။ စိတ်မကောင်းပေမဲ့ ကလေးငယ်ရဲ့အနာဂတ်အတွက်ပေါ့။ သူမ လိုက်ပို့ချင်သော်လည်း နံနက်ကရင်းအောင့်နေတဲ့နှလုံးကြောင့် ပြင်ဦးလွင်ထိ ခရီးတက်နိုင်မည်မဟုတ်ပေ။
ဆေးရုံတစ်ခုသို့ ဒေါ်ကေတီ ဦးတည် သွားလေသည်။
"ဒေါ်ကေတီ ရောက်လာပြီပဲ ကြွပါ ဆေးရုံအုပ်က ရုံးခန်းထဲမှာစောင့်နေတယ်ရှင့်"
လက်ထောက်ဆရာ၀န်ဖြစ်ပုံရသော ကောင်မလေးတစ်ယောက်လာပြောသည်ကို သူမ ခေါင်းတစ်ချက်ငြိမ့် ပြလိုက်သည်။
"ဒီအခန်းပါရှင့် ၀င်သွားလိုက်နော်"
သူမကို ရှေ့ဆောင်လမ်းပြသော ကောင်မလေးကို
"ကျေးဇူးနော်""ဟုတ်ကဲ့ရှင့်"
သူမအခန်းထဲ ၀င်လိုက်သည်နဲ
"ဒေါ်ကေတီ ရောက်လာတာဆိုတော့ ကျွန်တော်ထီထိုးလိုက်ဦးမယ်ဗျာ..."
"မျိုးသန့်မောင်မောင် ရယ် ပေါက်ကရလေးဆယ်တွေတအားပြောတာပဲ"
"နင်ဟိုကိစ္စဖြစ်တုန်းကရင်းနိုင်ငံခြားထွက်သွားပြီး ဒီကိုတစ်ခါမှမလာတာကိုး "
"ငါမအားလို့ပါဟာ"
"မအားလို့တော်သေး ကလေးမွေးစားထားတာဆို ငါသတင်းရတယ် ငါဖြင့် ငါ့သူငယ်ချင်းလေး အစားခံရပြီလားလို့ မှတ်နေတာ"
"မျိုးသန့်မောင်မောင်!!!!"
" ငါစတာပါဟာ သူ့စိတ်ကြီးပဲ"
" နောက်တစ်ခါပြောရင် နင့်အလယ်ခွဲကေကို ငါ ကတ်ကြေးနဲ့ညှပ်ပစ်မှာဘာမှတ်"
မျိုးသန့်မောင်မောင်ဆိုတာကလည်း နာမည်ကြီးတစ်ယောက်ပင်ဖြစ်သည်။ ရုပ်ချောသလို ဆရာ၀န်တစ်ဦးလည်းဖြစ်သင့်အပြင် မိဘမျိုးရိုးကလည်း လူချမ်းသာမျိုးရိုး ဖြစ်သည်။ ၅ပေ၉ လောက်ရှိသော အရပ်ကိုပိုင်ဆိုင်ထားသည့်အပြင် ခန္ဓာကိုယ်အချိုးအစားဟာလည်း ယောကျာ်းလေးတစ်ယောက်မှာရှိသင့်ရှိထိုက်တာတွေနဲ့ ပြည့်စုံသူဖြစ်သည်။
YOU ARE READING
အကြင်နာသူမ(ongoing)
Romance"ကံ့ကော်ပန်းလေးတွေကြည့်ပြီး တစ်စုံတစ်ယောက်ကိုသတိရမိတယ် အဲ့လူက ကိုယ့်ရဲ့နှလုံးသားကို ပန်းတွေပွင့်စေခဲ့တဲ့ တစ်ဦးတည်းသောလူပေါ့" ဒေါ်ကေတီခိုင်💐