"မာမီး..."
ဟောထွက်လာပါပြီရှင်..ကျွန်မရဲ့ကလေးငယ်လေး
"ခနနော်မာမီ လရိပ်တို့ကိုဆရာခေါ်နေလို့"
"ဟုတ်ပါပြီရှင်...မာမီ ဒီ ကားနားကပဲစောင့်နေမယ်"
"ဟေးဟိုတာလရိပ်အမေလား"
ဒေါ်ကေတီနားယောင်လည်လည်လုပ်နေကြတဲ့ ကောင်မလေးအုပ်စု
"ချောလိုက်တာဟယ်.."
"ဘယ်ကသာ သူ့ကိုမွေးစားထားတာတဲ့လေ"
"ထင်တော့ထင်တယ် အန်တီကြီးကငါ့typeပဲ တော်တော်ချမ်းသာမဲ့ပုံပဲ"
"လရိပ်ကြားရင်နင့်ကိုလာလုပ်နေဦးမယ် ပါးစပ်ပိတ်ထားဆရာခေါ်နေပြီ လာသွားမယ်"
"အေးပါဟယ် သွားမယ်"
"စောင့်ဦးလေဟာ"
"မာမီ! ဘာတွေပြုံးနေတာလဲ"
"ဘာမှမဟုတ်ပါဘူး ကလေးရဲ့ အ၀တ်ထုတ်တွေကဒါပဲလား"
"ဟုတ်တယ်မာမီ"
"ဒါဆိုဦးမြ "
"ဗျာ.."
"ကလေးငယ်ရဲ့အထုတ်တွေကိုကားပေါ်တင်ပေးဦးနော်"
"ဟုတ်ကဲ့ဗျ "
"ကလေး ဘာစားချင်လဲ "
ထိုအခါနှုတ်ခမ်းလေးဆူတာ ချွဲပြန်တော့တယ်။
"ဘာမှမစားချင်သေးဘူး မာမီ "
"သေချာဖြေခဲ့ရဲ့လား ကလေး"
"ဖြေခဲ့တာပေါ့မာမီရဲ့ "
"လရိပ်"
အသံလားရာကိုကြည့်လိုက်မှ ကလေးငယ်နဲ့အသက်တူကောင်မလေးတစ်ဦး
"အား..လင်္ကာ မပြန်သေးဘူးလား"
"အွန်းမပြန်သေးဘူး ဦးလေးလာကြိုမှာကိုစောင့်နေတာ လရိပ်ရောမပြန်သေးဘူးလား"
"လရိပ်ကပြန်တော့မှာ လင်္ကာဒါကငါ့မာမီလေ "
ကလေးရဲ့သူငယ်ချင်းဆိုသူကိုအကဲခက်ကြည့်တာ စိတ်ထဲဘ၀င်မကျတာဘာဖြစ်တာပါလိမ့်။ထူးဆန်းသား...
"တွေ့ရတာ၀မ်းသာပါတယ် အန်တီ"
"အန်တီလဲတွေ့ရတာ၀မ်းသာပါတယ်"
YOU ARE READING
အကြင်နာသူမ(ongoing)
Romance"ကံ့ကော်ပန်းလေးတွေကြည့်ပြီး တစ်စုံတစ်ယောက်ကိုသတိရမိတယ် အဲ့လူက ကိုယ့်ရဲ့နှလုံးသားကို ပန်းတွေပွင့်စေခဲ့တဲ့ တစ်ဦးတည်းသောလူပေါ့" ဒေါ်ကေတီခိုင်💐