"ဒေါ်လေး!!"
"အာ...ကြည်ရယ်ကြည့်ဘေးမှာရှိနေတာကို ဘာလို့အော်ခေါ်နေရတာလဲကွယ်...".
"မျက်လုံးကအိမ်ထဲထိဖောက်၀င်နေတော့မှာမို့ အော်ခေါ်နေရတာပေါ့ ဒေါ်လေး..ရဲ့"
"ကြည်သာ ပြောမှာဖြစ်မြန်မြန်ပြော ကလေးမျှော်နေပြီ"
ထိုအချိန်မှာကြည်သာတစ်ယောက်ခါးထောက်၍လူကြီးစတိုင်ဖန်းကာ
"အဲ့ကလေးအကြောင်းပြောမလို့ခေါ်လိုက်တာလေ"
"ဟင် ကလေးကဘာဖြစ်နေလို့လဲကြည်ရဲ့"
"ဘာဖြစ်ရမှာလဲ အဲ့မျက်လုံးလေအဲ့မျက်လုံး တစ်ယောက်ယောက်နဲ့တူနေတယ်လို့ဒေါ်လေးမထင်ဘူးလား.."
ထိုအချိန်မှာဒေါ်ကေတီတစ်ယောက်သက်ပြင်းချလိုက်တာကိုကြည့်၍
".မဟုတ်မှ ...မဟုတ်မှလွဲရောဒေါ်လေးသိရက်နဲ့ .."
ဒေါ်လေးဟာတိတ်ဆိတ်လျက် တိတ်ဆိတ်ခြင်းဆိုတာက ၀န်ခံတာနဲ့တူတယ်မဟုတ်လား
"ဟာဒေါ်လေးရာ မြွေပွေးခါးပိုက်နှိုက်တွေဖြစ်ကုန်ရောပေါ့"
"မဖြစ်ပါဘူး အဲ့ကလေး လိမ္မာအောင် ဒေါ်လေးပျိုးထောင်ပေးမှာပါ"
"ဒေါ်လေးသူ့ကိုချစ်လား"
"ချစ်တာပေါ့ ဒေါ်လေးရဲ့ကလေးပဲလေ ကြည်လေးရဲ့ ကြည်လေးကိုရော လရိပ်လေးကိုရောဒေါ်လေးချစ်တာပေါ့"
နည်းနည်းလေးတော့လွဲနေပြီထင်တယ်။ ဒါမဲ့ ဒေါ်လေးရဲ့မျက်လုံးတွေက ပကတိကိုဖြူစဥ်နေတာပါ ကြည်သာ့မှာပြောစရာစကားတွေပျောက်ဆုံးရတဲ့ထိကို ဖြူစဥ်နေတာ။
"သူကရောဒေါ်လေးကို၅၂၈နဲ့ချစ်မယ်ထင်နေလား"
"ဘာကိုဆိုလိုတာလဲကြည် ဒေါ်လေးတော့ကြည့်စကားတွေကိုတကယ်လိုက်မမှီတော့ဘူးကွယ်ဟင်..."
ဟုပြောရင်း ကံ့ကော်အောက်က ခုံတန်းပေါ်မှာထိုင်၍ ကြည့်ကိုသာစိုက်ကြည့်နေတော့သည်။
"ဟူး...ဒေါ်လေးတစ်နေ့တော့သိလာမှာပါ"
ဒေါ်လေးမှာအတိတ်ဒဏ်ရာတွေကပျောက်သေးတာမဟုတ်ဘူး ထပ်ပြီး သူ့အမေလိုပုံစံအတိုင်းယောကျာ်းတစ်ယောက်ကိုရွေးချယ်သွားပြီး တစ်ဖက်လူကိုနောင်တတွေနဲ့ရှင်သန်ခိုင်းအောင် တစ်ပုံစံထဲသာလုပ်ခဲ့ရင် ကြည်သာတော့ခွင့်လွှတ်မည်မဟုတ်ပါ ။.
YOU ARE READING
အကြင်နာသူမ(ongoing)
Romance"ကံ့ကော်ပန်းလေးတွေကြည့်ပြီး တစ်စုံတစ်ယောက်ကိုသတိရမိတယ် အဲ့လူက ကိုယ့်ရဲ့နှလုံးသားကို ပန်းတွေပွင့်စေခဲ့တဲ့ တစ်ဦးတည်းသောလူပေါ့" ဒေါ်ကေတီခိုင်💐