"မာ...မာမီ"
ဒေါ်ကေတီမှာ အလန့်တကြားဖြစ်ကာ
"၀င်..၀င်ခဲ့လေ ကလေး"
ဒေါ်ကေတီမှာ အံ့အောရပြန်သည်။ ခေါင်းအုံးကိုပိုက်၍ရောက်လာသော ကလေးငယ်လေး ။
"ဟို..လရိပ်ကြောက်လို့ပါ မာမီ"
ဒေါ်ကေတီမှာနူးညံ့သောအပြုံးဖြင့်
"လာလေ ကလေး"
သူမစီမလာပဲ ရပ်နေသော ကလေးငယ်အားဒေါ်ေကတီခေါ်ရ လေသည်။
"လရိပ် လာအိပ်လို့ရလား"
"ရတာပေါ့ကွယ် လာဒီကို"
အိပ်ယာကို လက်နဲ့ပုတ်ပြတော့မှ ထိုအနှီးမလေးက လာအိပ်တော့သည်။
လရိပ် မာမီ့အခန်းကိုကြည့်တော့ အပြာရောင်ဆေးခြယ်ထားပြီး အသုံးအဆောင်အများစုက အ၀ါရောင်သာ ။
ပြီးတော့ ပုံလေးတစ်ပုံ ။ မာမီအခန်းကရိုးရှင်းလွန်းသည်။ ကံ့ကော်အနံ့လေးဟာသင်းနေတာပဲ။ဘယ်ကများလဲ လရိပ်အခန်းမှာသာ ထိုအနံ့မရှိ ။"အိပ်တော့လေ ဘာတွေငေးနေတာလဲ"
၁၈၀ဒီဂရီလောက် လှည့်ပတ်ကြည့်နေသော ထိုအနှီလူသားလေးကို ဒေါ်ကေတီ ချစ်ရပြန်သည်။
ချစ်မွှေးပါတာလား ဒါမှမဟုတ် ညို့ငယ်နဲ့တူတဲမျက်၀န်းကြောင့်လား။"Goodnight မာမီ"
"Goodnight ပါ ကလေးငယ်"
မာမီတော့မသိပေမဲ့ လရိပ်အတွက်တော့ ဒီညက ညသာရှည်လောက်မယ်ထင်တယ်။ အိပ်ယာပြောင်းသောကြောင့်လား စိတ်လှုပ်ရှားသောကြောင့်လား လရိပ်မသိပါ။ မာမီနဲ့နေရင် လရိပ်ရူးတော့မယ်။
မီးပိတ်ထားသောအခန်းလေးထဲမှာ ပိတ်စနဲ့ မဖုံးထားသော ပြတင်းပေါက်မှန်ကတစ်ဆင့် လရောင်ရဲ့အလင်းဖျော့ဖျော့ေလးဟာ လူတစ်ယောက်ကိုငေးကြည့်ဖို့ စွမ်းနိုင်တယ်။"ညို့ငယ် တို့ဘာလုပ်သင့်လဲ ငယ်သာရှိရင် မမကိုအပစ်တင်နေမလား ငယ့်ရဲ့သမီးလေးက ငယ်နဲ့တကယ်ဆင်တယ် မျက်၀န်းလေးကအစ "
အိပ်မပျော်ဘူးလို့ထင်ထားတဲ့လူက ကွေးနေအောင်အိပ်နေပြီး အိပ်ပျော်မယ်ထင်ထားတဲ့လူက လရောင်အောက်မှာ အတိတ်အတွေးမှာပိတ်မိနေဆဲ။
YOU ARE READING
အကြင်နာသူမ(ongoing)
Romance"ကံ့ကော်ပန်းလေးတွေကြည့်ပြီး တစ်စုံတစ်ယောက်ကိုသတိရမိတယ် အဲ့လူက ကိုယ့်ရဲ့နှလုံးသားကို ပန်းတွေပွင့်စေခဲ့တဲ့ တစ်ဦးတည်းသောလူပေါ့" ဒေါ်ကေတီခိုင်💐