ep 12

365 23 4
                                    

နာကျင်နေခဲ့ရင်တောင် အလှပဆုံးပြုံးနိုင်ပါသေးတယ် ကြည်တော်တယ်မလား ပါးပါး ။

"ကြည်!ဘာရပ်လုပ်နေတာလဲ အန်တီတို့ရောက်နေပြီလေ သွားရအောင်  "

"ဟင်...အော်အွန်း သွားမယ်လေ"

"မြန်မြန်လာစမ်းပါကြည်ရယ်"

စိတ်မရှည်သောမွန်သည် ကြည့်လက်ကောက်ကိုအမြန်ဆွဲကာ ဒေါ်လေးတို့ ရှိရာကိုခေါ်ဆောင်သွားလေသည်။ မွန်ဆွဲသွားသောလက်တစ်ဖက်သည် မသိမသာ နာကျင်သွားလေသည်။ ထို့ကြောင့် ကြည့်စိတ်ကို စိတ်တိုစေသည် အဲ့လောက်တောင်ဒေါ်လေးတို့စီသွားချင်ရလား အဲ့လောက်တောင်ဒေါ်လေးကိုကြိုက်ရလားဆိုတဲ့ နာကျင်မှုလေးတွေဟာတစ်ဆစ်ဆစ်ပေါ်ပေါက်လာခဲ့တယ်။

"အန်တီ...လရိပ်လေးလည်းပါလာတာပဲ"

ဒီနေ့မွန့်မျက်လုံးထဲမှာ အန်တီဟာမြန်မာဆန်ဆန်လေးနဲ့လှနေပြန်တယ် ပြီးတော့ကြည်ကလဲ တကယ့်ကိုမိမိုက်နေတာပါ ဒီလိုစမိုက်ကျကျသူငယ်ချင်းပိုင်ဆိုင်ထားရတာလဲကောင်းခြင်းတစ်မျိုးပါပဲလား။

"ဟုတ်တယ် ညီမလေးမွန် ကလေးငယ်ကိုပါခေါ်လာတာ အိမ်မှာလဲဘယ်သူမှရှိတာမဟုတ်ဘူး အဲ့တာကိုမလိုက်ဘူးကလုပ်နေသေးတာလေ"

ပုံမှန်ဆိုစကားနည်းတဲ့အန်တီက ညီမလေးအကြောင်းကိုတော့စာစီပတ်ကုံးပြောနေရှာတယ် ။

"အရင်ကထပ်တောင်ပိုချစ်ဖို့ကောင်းသေး ဟီး"

" ဟို....ကျေးဇူးပါဗျ...မှားလို့ကျေးဇူးပါရှင့်"

"ရပါတယ်ရှင် အမမွန်ကို အမရင်းတစ်ယောက်လိုသဘောထားနော် လိုတာရှိရင်လဲပြော အမမွန်မှာလေ..ညီမလေးတစ်ယောက်တော့လိုအပ်နေတာ"

"အိမ်မှာညီမတစ်ယောက်ရှိတယ်လေမေ့နေလား အသစ်မြင်တော့အဟောင်းမေ့နေတာ"

"ကြည်ဘာပြောလိုက်တာလဲ"

"ဘာမှမပြောဘူး"

"သေချာလား"

"သေချာပါတယ်ဆိုဗျာ.....ဒါနဲ့ဒေါ်လေးကဆေးရုံသွားဦးမှာဆို မြန်လိုက်တာ"

"မျိုးသန့်က ဆေးရုံမှာမရှိလို့ကြည်ရယ်..တော်ပါသေးတယ်ကွယ် ဖုန်းအရင်ဆက်လိုက်လို့ မဟုတ်ရင်ဆေးရုံအရင်၀င်မိနေဦးမှာ"

အကြင်နာသူမ(ongoing)Where stories live. Discover now