မြတင့်နှင့် လွန်းမောင်မှာ မည်သို့သော ပတ်သက်မှုမျိုးများ ရှိနေပါလိမ့်ဟု ကိုလှသောင်မှာ သိချင်စိတ်ပြင်းပြနေလျက်ရှိသည်။ မြတင့်နှင့်လွန်းမောင်ကို အတူတွဲ၍ မြင်ခဲ့ရပြီးကတည်းက သူ့မှာ အမည်မသိ ပူပင်သောကများ ဖြစ်၍လာတော့သည်။
သူ၏ အချိန်တော်တော်များများ၌ မြတင့်၏ စွဲလန်းဖွယ်ကောင်းသော အပြုံးများနှင့် မြတင့်၏ နှင်းဆီနီနီများကသာ လွှမ်းမိုးထားနေတော့သည်။ မထားမေက သူ့ကို လာတွေ့ပါရန် စာဖြင့် ဖိတ်ခေါ်ထားသော်လည်း မထားမေအား တွေ့ချင်စိတ်တို့ရှိမနေခဲ့ပါ။
သို့သော်လည်း မထားမေဆီသွားရင်းဖြင့် မြတင့်အား အဝေးမှနေ၍ မြင်တွေ့ခွင့် ရနိုင်ကောင်းပါသေးသည်။ သို့နှင့် ကိုလှသောင်သည် သူ၏ အော်စတင်ကားလေးကို ထုတ်ကာ မထားမေဆီ ထွက်ခဲ့လိုက်တော့သည်။
မထားမေ၏ ခြံရှေ့ရောက်သည်နှင့် ကိုလှသောင် အရင်ဆုံးကြည့်မိသည်မှာ သူ၏ ချစ်သူမိန်းကလေးအိမ် မဟုတ်ခဲ့ပါ။ နှင်းဆီနီများဖြင့် လှပတင့်တယ်နေသော မြတင့်၏ ခြံကလေးဖြစ်ခဲ့ရတော့သည်။ နှင်းဆီခြံထဲတွင် အလုပ်ရှုပ်နေမည့် မြတင့်ကို မြင်တွေ့ရလို တွေ့ရငြား ရှာဖွေကြည့်မိသော်လည်း မြတင့်၏ ပုံရိပ်ကလေးကိုမျှ မတွေ့ရ မမြင်ရပါချေ။ ကိုလှသောင်၏ စိတ်ထဲတွင် ဝမ်းနည်းကာ လွမ်းမောသွားရတော့သည်။
ကိုလှသောင်မှာ ကားပေါ်က ဆင်း၍ မြတင့်၏ ခြံတံခါးက ခေါင်းလောင်းလေးကို အသာလှုပ်လိုက်မိတော့သည်။ တစ်ဖက်ခြံ၏ အပေါ်ထပ် အခန်းထဲမှာ ဒေါသအလိပ်လိုက်ထွက်နေသော မိန်းကလေးကိုတော့ ကိုလှသောင်ဟာ သတိပင်မရမိတော့ပါ။
"အရေးပိုင်မင်း လာပါ၊ ရေနွေးကြမ်းနှင့် လက်ဖက်သုတ်လေး သုံးဆောင်ပါဦး"
ကြီးမေသောင်းက ကိုလှသောင်အား လောကဝတ်ပြု၏။ ကိုလှသောင်၏ မျက်လုံးများမှာ အငြိမ်မနေ။ မြတင့်အား လိုက်ရှာနေမိတော့သည်။
"မြတင့် မြို့ထဲ သွားလေသလား"
"အရေးပိုင်မင်း မသိရော့သလား၊ မြတင့်နှင့် မြတ်သိန်းတို့ ဟော်နန်းကို သွားကြတယ်လေ"
YOU ARE READING
မြတင့်(ပြန်လည်ရှင်သန်ခြင်း)
Historical FictionUnicode မြတင့်... သူ အမှားတွေ အများကြီး လုပ်ခဲ့မိသည်။ သူ့အား ချစ်ပေးခဲ့ရသောသူများအပေါ်တွင် ရက်စက်ခဲ့မိသည်။ သူ လူမှား၍ ချစ်ပေးခဲ့မိသည်။ သူ... သူသေဆုံးကာနီးတွင် "မြ အရာအားလုံးကို ပြန်ပြုပြင်ချင်တယ်၊ မြ သိပ်ခံပြင်းလွန်းတယ်၊ အခွင့်အရေးတစ်ခုပဲ ပေးသနားပါ...