🍂2🍂

1.8K 137 28
                                    

Unicode

"သားထယ်...မေမေကိုဘေးလမ်းမှာ တော့ပိုကီတစ်ပွဲ သွားဝယ်ပေး..."

"မေမေကလဲ တစ်ယောက်ထဲမသွားချင်ပါဘူးဆို..."

"ဂျောင်ဂုလေးကို ခေါ်သွားလေ ရွယ်တူပဲမလား..."

"သူနဲ့သားနဲ့မှ မသိတာမေမေရာ..."

" မေမေနဲ့သိတယ် သူ့မေမေက သားဖေဖေသူငယ်ချင်းလေ..."

"အင်း တော်ပါပီမေမေ ဂျီမင်းနီးကိုပဲ ခေါ်သွားတော့မယ်..."

ထယ်ယောင်းတို့က လမ်းလည်လောက်တွင်နေပြီး  ဂျီမင်းတို့က လမ်းထိပ်တွင်နေသောကြောင့် သွားရင်ခေါ်သွားလိုက်မည်ဟု ထယ်ယောင်းတွေးထားသည်။

မေမေစီက မုန့်ဖိုးယူကာ တော့ပိုကီဝယ်ရန်အရင်ဆုံး ဂျီမင်းကိုသွားခေါ်ရသည်။

"ဂျီမင်းနီးးးး..."

"ထယ်..."

နှစ်ယောက်သား နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့သူတွေလို ပြေးဖက်ကြပြီး...ပခုံးဖက်ကာ တော့ပိုကီဆိုင်သို့ နှစ်ယောက်သားသွားကြလေသည်။

"ဘာစားမလဲ မေမေမုန့်ဖိုးပေးလိုက်တယ်..."

ဂျီမင်းအပြောကို ထယ်ယောင်းသည် သူ့မုန့်ဖိုးလေးအား ထုတ်ပြကာ...။

"ရတယ် ဂျီမင်းနီး မေမေမုန့်ဖိုးပေးလိုက်တယ်..."

"နေနေ ငါတစ်ခါတစ်လေ ငါဝယ်ကျွေးမယ်..."

"ဒါဆိုမှာပြီနော်..."

"အင်းမှာတော့... "

ထယ်ယောင်းမေမေက ဗိုက်ဆာ၍ တော့ပိုကီဝယ်ခိုင်းလိုက်သော်လည်း နှစ်ယောက်သားကသူတို့အရင်ဉီးအောင်စားနေလေသည်။

နှစ်ယောက်သားစားနေတုန်း ကောင်မလေးတစ်ယောက်နဲ့အတူဝင်လာသော ဂျောင်ဂုကိုမြင်လိုက်တော့ ထယ်ယောင်းမျက်ခုံးပင့်လိုက်ပြီး အရှေ့က ဂျီမင်းအားပြလိုက်ပြီး...။

"ငါတို့ဘေးအိမ်က ဘဝင်ရူးကောင်လေ..."

" ဟုတ်လား..."

"အေး သူ့လိုဘဝင်ရူးကို လာဒိတ်တဲ့ ကောင်မလေးကရှိသေးတယ်..."

"ထယ်ယောင်းလား?..."

🍂Spring love🍂(Completed )Where stories live. Discover now