🍂14🍂

1.7K 95 33
                                    

Unicode

ဂျောင်ဂုမနေ့ညက အတွေးလွန်နေတာနဲ့တော်တော်နဲ့မအိပ်ပျော်ပဲ ခုမနက်၆နာရီပဲရှိသေးတယ်နိုးနေတယ်...ပိတ်ရက်ဖြစ်သောကြောင့် ဒီအချိန်နိုးတာ​က ေဂျာင်ဂုအတွက်ထူးဆန်းပါသည်။

ဂျောင်ဂုလဲ ပြန်မအိပ်ချင်တော့တာနဲ့ ရေမိုးချိုးပြီး ထယ်ယောင်းကို ချယ်ရီပန်းကြည့်ဖို့သွားခေါ်ရန်လုပ်လိုက်သည်။

ထယ်ယောင်းကိုလဲ ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် တောင်းပန်ရဉီးမယ်လေ...။

ဂျောင်ဂုရေချိုးပြီး အညိုရောင် စပုိ့ရှပ်အား စတုိင်ပန်နဲ့တွဲဝတ်ကာ အသေအချာပြင်ဆင်ကာ ထယ်ယောင်းအိမ်ဘက်သို့ထွက်လာရင်း ဘဲလ်တီးမလို့ပဲရှိသေး အန်တီက ပန်းပင်ရေလောင်းနေသောကြောင့် ဂျောင်ဂုလဲအန်တီကိုသာ လှမ်းခေါ်လိုက်သည်

"အန်တီ ကျွန်တော့်ကို တံခါးဖွင့်ပေးပါဉီးနော်..."

"ဟုတ်ပြီ အန်တီလာပီသားလေး..ဒါနဲ့မနက်အစောကြီး ဘာလာလုပ်တာလဲသားလေး ထယ်ယောင်းလေးတော့ အိပ်နေတယ်..."

" ကျွန်တော် ထယ်ယောင်းနဲ့အတူ ချယ်ရီပန်းချင်လို့လာခေါ်တာပါ... နွေဉီးမကုန်ခင်ကြည့်ချင်လို့ပါ..."

"ဟုတ်ပြီ အပေါ်ထပ်တက်ပြီသာ နိုးလိုက်သား..."

ဂျောင်ဂုလဲ ထယ်ယောင်းအမေကို ခေါက်းညိမ့်ပြလိုက်ပြီး အပေါ်ထပ်က ထယ်ယောင်းအခန်းသို့ တက်လာလိုက်သည်။

အခန်းတံခါးခေါက်သော်လည်း အိပ်နေလို့ လာမဖွင့်မှန်းသိသောကြောင့် ဂျောင်ဂု ကိုယ်တိုင်ထယ်ယောင်းအခန်းထဲဝင်ကာ ထယ်ယောင်း လက်မောင်းကိုင်ကာ လှုပ်နိုးသည်။

"အာ...မေမေကလဲ ကျောင်းပိတ်ရက်လေးတော့ အိပ်ပါရစေ မနိုးပါနဲ့..."

"မင်းအမေမဟုတ်ဘူး ငါဂျောင်ဂု..."

ဂျောင်ဂုအသံကြားမှ မျက်လုံးပြူးမျက်စံပြူးဖြင့် ကုတင်ပေါ်တွင် ထထိုင်တော့သည်။

အိပ်မှုန်စုတ်ဖွားရုပ်ဖြင့်လဲ ထယ်ယောင်းက အရမ်းကိုလှပါသည်။

မျက်လုံးမပွင့်တပွင့်ဖြင့် ဂျောင်ဂုကိုစိုက်ကြည့်နေတာကလဲ ချစ်စရာကောင်းလွန်းသည်။
.

🍂Spring love🍂(Completed )Where stories live. Discover now