🍂3🍂

1.7K 131 33
                                    

Unicode

ညလဲနက်လာရော ထယ်ယောင်းခေါင်းထဲ အကြံဆိုးလေးတွေဝင်လာလေသည်။

ညနေကဘာရယ်မဟုတ် ဂျီမင်းကို ဘာဝင်ရူးအား ရေသေနတ်ဖြင့် ပစ်မယ်ဆိုတဲ့ အကြံဆိုးလေးဝင်လာခြင်းဖြစ်သည်။

ထယ်ယောင်းလဲ အချိန်ဆွဲမနေတော့ပဲ ရေသေနတ်အားသွားယူကာ ရေထည့်လိုက်ပြီး ဂျောင်ဂုဝရန်တာ ထွက်ရပ်မည့်အချိန်အား နာရီတကြည့်ကြည့်ဖြင့် ဝရန်တာနားက တံခါးပေါက်မှာစောင့်နေလေသည်။

မကြာခင်မှာပဲ ဂျောင်ဂုက ဟူဒီဖြင့်ဝရန်တာသို့ ဖုန်းပြောရင်းထွက်လာသောကြောင့် ထယ်ယောင်းလဲအချိန်မဆွဲတော့ပဲ ဝရန်တာနားက တံခါးအားအကာအကွယ်ယူကာ...ရေသေနတ်ဖြင့် ဂျောင်ဂုမျက်နှာအားပစ်လိုက်ပြီး တံခါးနောက်ပြန်ပုန်းလိုက်လေသည်။

ရုတ်တရက်မို့ ဂျောင်ဂုလဲမိုးရွာတယ်ထင်ကာ ကောင်းကင်ပေါ်ကြည့်လိုက်တော့ ပုံမှန်အတိုင်းပင် လေအေးလေးတွေတိုက်နေသည်။

ဂျောင်ဂုလဲ ဖုန်းချလိုက်ပြီး ဝရန်တာမှာဆက်ရပ်နေလေသည်။

ရေဘယ်ကလာလဲ ဂျောင်ဂုသိသော်လည်း တံခါးနောက်တွင်ပုန်းနေတာနဲ့ မသိဘူးထင်နေတဲ့ ထယ်​ယောင်းအား ပညာပေးချင်သောကြောင့် ရပ်စောင့်နေခြင်းဖြစ်သည်။

ထယ်ယောင်းကတော့ သူ့ရေသေနတ်နဲ့ပစ်တာ ဂေိာင်ဂုမသိဘူးထင်ကာ ကြိတ်ရီရင်း ရေသေနတ်အားတံခါးအကွယ်မှ ပစ်လေသည်။

မျက်နှာကိုသာ ပစ်နေသောကြောင့် ဂေျာင်ဂုစိတ်မရှည်တော့ပဲ ကင်မ်ထယ်ယောင်းအိမ် ဝရန်တာသို့ ဝင်လာလေသည်။

ထယ်ယောင်းလဲ ရေသေနတ်ပစ်တုန်းက ေပျာ်နေပေမဲ့ တကယ်ကြီး ရောက်ချလာတော့ ဘာလုပ်ရမှန်းမသိသောကြောင့် ကုတင်ပေါ်တက်ကာ စောင်ကိုတကိုယ်လုံးခြုံလိုက်သည်။

"ထစမ်း...လုပ်တုန်းက လုပ်ပြီး ခုမှကြောက်ပြမနေနဲ့..."

ထယ်ယောင်းလဲ စောင်ကိုဆွဲဖယ်ကာ ပြောလာသော ဂျောင်ဂုကြောင့်...။

"မကျေနပ်လို့ လုပ်တာကွာ ဘာဖြစ်ချင်လဲ..."

"မကျေနပ်လို့ လုပ်တယ်ဆိုပြီး ငါ့ကိုမြင်တော့ဘာလို့ထွက်ပြေးတာလဲ..."

🍂Spring love🍂(Completed )Where stories live. Discover now