🍂8🍂

1.6K 123 28
                                    

Unicode

ထယ်ယောင်းအိမ်ရောက်တော့ အခန်းထဲတောင်မဝင်နိုင်ပဲ ေဟျာင်းကိုစောင့်နေတာဖြစ်သည်။

ဘာလို့ဆို ေဟျာင်းတို့အတွဲကို ဂျောင်ဂုက အောင်သွယ်လုပ်ပေးတယ်ဆိုတာကြောင့် ဖြစ်သည်။

ထိုအကြောင်းတွေးနေတုန်း အိမ်ထဲပြုံးရွင်စွာဝင်လာသော ဟျောင်းလက်ကိုဆွဲကာ အပေါ်ထပ်က ဟျောင်းအခန်းထဲဝင်ကာ...။

"ထယ်ယောင်း ဘာလို့ငါ့ကိုဆွဲလာတာတုန်း..."

"မေးစရာရှိလို့ ဖြေပေးနော်ဟျောင်း..."

"ဘာမို့လို့အလောတကြီးဖြစ်နေတာလဲ ​မေးလေ..."

"နမ်ဂျွန်းဟျောင်းနဲ့တွဲဖြစ်သွားတာက ဂျောင်ဂုအောင်သွယ်လုပ်ပေးတယ်လို့ပြောတယ်လေ သူကဘယ်လိုအောင်သွယ်လုပ်ပေးတာလဲ..."

"ထယ်လေးနဲ့ ဘာဆိုင်လဲအဲ့ဒါ..."

"ဆိုင်ဆိုင်မဆိုင်ဆိုင်ဗျာ...ထယ်သိချင်တယ်လို့ပြောပြပါနော်..."

နှုတ်ခမ်းကြီး ဆူကာချွဲ ပြီးမေးလာတဲ့ အငယ်​ေကောင်ကြောင့် အငယ်ကောင်လေးကို အရမ်းချစ်သော ဆော့ဂျင်တစ်ယောက်မပြေယချင်ပေမဲ့ ပြောလိုက်လိုက်ရတော့သည်။

"ဒီလို...အဲ့နေ့က ငါဒယ်ဂူးကနေ ဆိုလ်းကိုသွားလည်တယ်လေငါ့တို့တွေနဲ့ငါးရက်လောက်ပေါ့...အဲ့ဒါကမ်းခြေမှာ နမ်ဂျွန်းနဲ့တွေ့တာ ဂျောင်ဂုလဲပါတယ် နမ်ဂျွန်းကမနှစ်ကငါအဲ့ကမ်းခြေသွားထဲက ငါ့ကိုတွေ့ပြီး ကြိတ်သဘောကျနေတာလေ...အဲ့ဒါနဲ့နောက်နှစ်ကျပြန်တွေ့တော့ ဂျောင်ဂုကငါနဲ့နမ်ဂျွန်း ဒီတိုင်းစကားပြောနေတာကို နမ်ဂျွန်းကိုအနောက်ကနေသေချာကြီးလာတွန်းတော့ နမ်ဂျွန်းကငါ့ကိုနမ်းမိသွားတယ်လေ... အဲ့ဒါနဲ့ဖုန်းနံပတ်တောင်းပြီး ငါဒယ်ဂူးပြန်ပြီး ၅လလောက်နေတော့တွဲဖစ်တာခုထိပဲ...အမှန်ဆိုဂျောင်ဂုက အောင်သွယ်တယ်ဆိုတာထက် အရောက်ပို့တာ နမ်ဂျွန်း ငါ့ပုံတွေခိုးရိုက်ထားတာပါလာပြတာ အဲ့ကောင်လေးသူသာအဖြစ်မရှိတာ သူများကိုတော့အရောက်ပို့တယ်ဟားဟား..."

ဆော့ဂျင်ဟျောင်းက အရှည်ကြီးပြောပြပြီးနောက် ဂျောင်ဂုအကြောင်းပြောကာ အားရပါးရရီနေလေသည်။

🍂Spring love🍂(Completed )Where stories live. Discover now