🍂10🍂

1.6K 122 32
                                    

Unicode

ထယ်ယောင်းနေပြန်ကောင်းတော့ ကျောင်းတက်ရန်ကို အလွန်မှတက်ကြွနေသေ​ာကြောင့် မေမေတောင်ပြောယူရသည်။

အမြဲကျောင်းသွားရမယ်ဆို မှုိင်နေတက်တဲ့ ထယ်ယောင်းက အခုတွင်တော့ ဂျောင်ဂုစက်ဘီးနောက်က လိုက်စီးကာ ကျောင်းသွားရမှာဆိုသောကြောင့် အပျော်ကြီးပျော်နေသည်။

"သား ဂျောင်ဂုလေးအတွက်ပါ စတော်ဘယ်ရီဖျော်ရည်ယူသွားပေးလိုက်..."

"ဟုတ်မေမေ..."

မေမေက ဂျောင်ဂုအတွက်ပါ ဘူးတစ်ဘူးနဲ့ ထည့်ပေးလိုက်လေသည်။

ထယ်ယောင်း ခြံအရှေ့တွင် ဂျောင်ဂုက စက်ဘီးနဲ့စောင့်နေသောကြောင့် စတော်ဘယ်ရီဘူးလေးကိုင်ကာ ထယ်ယောင်းအပြေးလေး အိမ်ထဲမှထွက်လာလိုက်တော့သည်။

" ဂျောင်ဂု..."

"ဖြေးဖြေးလာလေ..."

"မေမေက မင်းအတွက် စတော်ဘယ်ရီဖျော်ရည်ထည့်ပေးလိုက်တယ်..."

"အတော်ပဲ သောက်ချင်နေတာနဲ့...စက်ဘီးပေါ်တက်တော့..."

ဂျောင်ဂုအပြောကို ထယ်ယောင်းလဲ ခေါင်းညိမ့်လိုက်ပြီး ဂျောင်ဂုစက်ဘီးနောက်ခုံတွင် ထိုင်ကာလိုက်ပါလာတော့သည်။

"အေးနေတာပဲ...နောက်နေ့ချယ်ရီပန်းတွေသွားကြည့်ရအောင်ဂျောင်ဂု နွေဉီးမှာပဲ ချယ်ရီပန်းတွေကြည့်လို့ရတာလေ..."

"အင်းသွားကြည့်ကြတာပေါ့ ဂျောင်မီးတို့ကိုပါခေါ်လိုက်မယ်နော်..."

"အင်းငါလဲ ဂျီမင်းတို့ကိုခေါ်မှာ..."

ထယ်ယောင်းတို့နှစ်ယောက် စကားတပြောပြောနဲ့ ကျောင်းရှေ့ရောက်လာတော့ ဂျောင်ဂုကစက်ဘီးရပ်တဲ့နေရာမှာ စက်ဘီးသွားထားသောကြောင့် ထယ်ယောင်းလဲ ဂျောင်ဂုအနောက်ကနေ လိုက်ပါလာလေသည်။

" ဂျောင်ဂုအိုပါး..."

ဂျောင်ဂုနာမည်ကို ခေါ်လိုက်တဲ့ ကောင်မလေးတစ်ယောက်အသံကြောင့် ထယ်ယောင်းခေါင်းလေးဆက်ခနဲ အနောက်လှည့်ကြည့်သည်မှာ ဂျောင်ဂုထက်ပင်မြန်သည်။

"ဆိုရီး?..."

" ဟုတ်တယ် အိုပါး ဂျောင်မီးကညသူပန်းပွားအက ကရမှာမို့ အိုပါးကို အအေးဘူးပေးခိုင်းလိုက်လို့ပါ..."

🍂Spring love🍂(Completed )Where stories live. Discover now