🍂12🍂

1.6K 117 41
                                    

Unicode

ထယ်ယောင်း ဆိုရီးတို့နဲ့ ပရောဂျက်လုပ်ပြီးတဲ့ နေ့ကစပြီး ဂျောင်ဂုကိုအရင်လောက် သွားမတွေ့တော့ပဲ အနည်းငယ်စီ ရှောင်နေသည်မှာ တစ်ပတ်လောက်ရှိပြီဖြစ်သည်။

တမင်ရှောင်နေတာမျိုးမဟုတ်ပေမဲ့ ဂျောင်ဂုကချစ်ရမဲ့လူရှိနေသည်လေ...။

ဒီတိုင်း ဂျောင်ဂုက တစ်ချိန်ကျ သူသဘောကျနေတဲ့လူနဲ့ မိတ်ဆက်ပေးမှာမလိုလားတာမို့ ဂျောင်ဂုနားမှာနေရတာ နာကျင်ရတာမို့ ခနလောက်ဖြစ်ဖြစ် စိတ်သက်သာရာရအောင် ရှောင်နေခြင်းသာ နွေဉီးမကုန်ခင်လေး ချယ်ရီပန်းတွေတူတူသွားကြည့်ချင်တာကို မကြည့်ရသေးဘူးပဲ...။

ထယ်ယောင်းလဲ လမ်းထိပ်ကစတိုးဆိုင်မှာ မုန့်သွားဝယ်ရင်း ကျောင်းက ထယ်ယောင်းအား ရည်းစားစကားပြောထားတဲ့ ကောင်လေးကိုတွေ့တာနဲ့ မသိချင်ယောင်ဆောင်ရင်း မုန့်ဝယ်နေတုန်း...။

" ထယ်ယောင်း..."

"အင်း..."

"မုန့်လာဝယ်တာလား..."

"ဟုတ်တယ် မင်းရော?..."

"ကျွန်တော်က မုန့်လာဝယ်တာမဟုတ်ပါဘူး..."

"အဲ့တော့ ဘာလာလုပ်တာလဲ..."

" ဒီချိန် ထယ်ယောင်းက မုန့်လာဝယ်ကျမို့ ဒီတိုင်းလာတာ...ထယ်ယောင်းကို တွေ့ချင်လို့လာတာဆိုပိုမှန်တယ်..."

ထိုကောင်လေးအပြောကြောင့် ထယ်ယောင်းရီမိသွားသည်။

ထယ်ယောင်းထက် ငယ်ကာ ထယ်ယောင်းအား လာပိုးပန်းနေ၍ ဖြစ်သည်။

"နောက်ကျနေပြီ အိမ်ပြန်တော့..."

"ထယ်ယောင်းတို့ အိမ်နားက ပန်းခြံမှာ ပုခတ်စီးဖို့ လိုက်ခဲ့ပေးပါလားနော်..."

"မလိုက်နိုင်ပါဘူး..."

"လိုက်ခဲ့ပါနော်..."

ထယ်ယောင်းလဲ စိတ်ထဲမပေါ့မပါးဖြစ်နေတာမို့ အွန်းဂျယ်အပြောကို လက်ခံလိုက်သည်။

ပုခတ်စီးပြီးဖြစ်ဖြစ် ခနလောက်ပျော်ချင်တာမို့ ဖြစ်သည်။

"အင်းလိုက်ခဲ့မယ်..."

ထယ်ယောင်း သဘောတူလိုက်တော့ အွန်းဂျယ်က ပျော်ရွင်သွားကာ ထယ်ယောင်းလက်ကိုကိုင်ကာ ဆွဲခေါ်သွားကာ မျက်နှာကအရမ်းပျော်နေလေသည်။

🍂Spring love🍂(Completed )Where stories live. Discover now