အခန်း( 1 ) စတင်ခြင်း..

409 19 2
                                    

ကျွန်တော့်နာမည်က ရှကျစ်ကွမ်း
ဒီနေ့က ကျွန်တော့်မိသားစု၀င်တစ်ယောက်နဲ့သွားတွေ့ရမဲ့ထူခြားတဲ့နေ့လေးတစ်နေ့လေ

ဒါပေမဲ့ ဒီနေ့ကြမှ မှိုင်းညို့နေတဲ့ကောင်းကင်ပြင်ကြီးနဲ့အတူ မိုးက ပုံမှန်ထက်ကိုပိုပြီးတော့ သည်းကြီးမည်းကြီးကိုရွာနေတယ်။

ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့ ထီးနက်ကလေးကို ချလိုက်တာနဲ့ ပြင်းထန်တဲ့မိုးရေစက်တွေကကျွန်တော့်အပေါ်အညိုးကြီးစွာရွာချလာတယ်။

မိုးရေစက်တွေကြားမှာ မြင်နေရတဲ့အုတ်ဂူဖြူဖြူလေးမှာတော့ ပြုံးပြနေတဲ့လူတစ်ယောက်ရဲ့မျက်နှာ

ထိုသူက ကျွန်တော့်အစ်ကိုလေ သူနာမည်က ရှောင်ကျန့်တဲ့ ကျွန်တော့်အစ်ကိုကဆရာ၀န်တစ်ယောက်ပါ။
လူတွေရဲ့အသက်နဲ့ကျန်းမာရေးကို ကယ်ဆယ်စောင့်ရှောက်ရတာ သူ့အတွက်ပျော်ရွှင်ကြည်နူးမှုတစ်ခုလို့အမြဲတမ်းသတ်မှတ်ထားတဲ့သူတစ်ယောက်လေ

ဒါပေမဲ့အဲ့လိုလူတစ်ယောက်ကကိုယ်ကိုသတ်သေတယ်တဲ့ ခင်ဗျားတို့စဥ်းစားကြည့်ဗျာ
သူ့ဘေးနားမှာရှိတဲ့သူတွေကိုအရမ်းဂရုစိုက်တက်တဲ့ကျွန်တော့်အစ်ကိုက ကိုယ့်ကိုယ်ကိုတန်ဖိုးမထားနိုင်တော့တဲ့အထိ ဘယ်အရာကိုများ နာကျည်းမုန်းတီးမိခဲ့ပါလိမ့်

သူအရမ်းနာကျင်ခံစားခဲ့ရမှာ ဒါကိုကျွန်တော်ကတော့နားမလည်ခဲ့ပါဘူး။

ကျွန်တော်နဲ့ကျွန်တော်အစ်ကိုနဲ့ကမိဘမဲ့တွေလေ
ကျွန်တော့်အစ်ကို အသက် ၁၂နှစ်နဲ့ကျွန်တော်အသက် ၈နှစ်မှာမိဘတွေက ကားအက်စီးဒင့်ဖြစ်ခဲ့တာ အဖေနဲ့အမေရဲ့စျာပနပွဲမှာ ဦးလေးတွေ အဒေါ်တွေ ဆွေမျိုးသားချင်းတွေရောက်လာပြီးကျွန်တော်နဲ့ကျွန်တော့်အစ်ကိုကို ဘယ်လိုစောင့်ရှောက်ကြမလဲပြောနေကြတာ ကျွန်တော်ကြားတယ်။

ဒါပေမဲ့ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်ကိုစောင့်ရှောက်ဖို့ပြောနေကြတာထက် ကျွန်တော်တို့မိဘတွေရဲ့ပိုက်ဆံကိုဘယ်လိုခွဲဝေယူကြမလဲ တိုင်ပင်​နေကြတာကများတယ်။

For Get Me Not 🌸 Where stories live. Discover now