အခန်း ( 12 ) date 3

119 11 5
                                    

ရှကျစ်ကွမ်း ချန်ချန်းလီတို့နှင့်စကားပြောပြီး သည်နှင့် ချန်ဖေး ယိမန့်မန့်လက်ကို ကိုင်ကာ
အရှေ့သို့လျှောက်လာရင်း နှုတ်ဆက်လိုက်သည်။

ချန်ဖေး ရှကျစ်ကွမ်းကို ကြည့်ကာ . .
" ရှကော . . " ဟု ခေါ်လိုက်ပြီး . . . .
ရှကျစ်ကွမ်းဘေးက ဟွမ်ကျွင့်ကျယ်ကို လှည့်ကြည့်လိုက်ကာ မျက်မှန်ကိုပင့်တင်လျက်
ရုပ်တည်ဖြင့် " မရီး . . " ဟု ခေါ်လိုက်သည်။

ချန်ချန်းလီသည် ချန်ဖေးကောရဲ့ ရုပ်တည်ကြီးဖြင့် မြှောက်ပင့်နေတဲ့ ပုံစံ​ကြောင့် ပါးစပ်ကိုလက်နှင့်အုပ်ကာ ကြိတ်ရယ်လျက် . . . .
ချန်ယီးရှဲ့သည်လည်း တစ်ချက်ပြုံးလိုက်ကာ
အကြည့်လွှဲလိုက်သည်။

ရှကျစ်ကွမ်းသည်တော့ ခေါင်းတညိတ်ညိတ်ဖြင့် အားရပါးရပြုံးနေကာ ပြောလိုက်သည်။
" ငါ မင်းတို့ကို ဒီလ လစာတိုးပေးမယ် . . "

ရှကျစ်ကွမ်းရဲ့စကားကို ကြားပြီးနောက်
လေးယောက်စလုံး သူတို့လုပ်တာ မှန်ကန်ကြောင်း သိသွားပြီး သူဌေးရဲ့စေတနာကို လက်ခံလိုက်ကြသည်။

တစ်ဖက်တွင် ဟွမ်ကျွင့်ကျယ် နားရွက်ဖျားတို့ နီရဲနေသည်။သို့သော်လည်း သူ့အရှေ့က ကောင်လေး လေးယောက်ကိုပြုံးပြလိုက်ပြီး
ရှကျစ်ကွမ်းကို ခဏဆွဲခေါ်သွားလိုက်ရင်း
ရှကျစ်ကွမ်းရဲ့ လက်မောင်းကို လိမ်ဆွဲလိုက်ကာ နား နားကိုကပ်ပြီး အသံတိုးတိုးဖြင့် အံ့ကြိတ်ကာ ပြောလာသည်။
" ရှကျစ်ကွမ်း . . ကျွန်တော့်ကို စမနေနဲ့တော့နော် . . "

ရှကျစ်ကွမ်း သူ့လက်မောင်းအား ပုရွတ်ဆိတ်ကိုက်သလို အင်အားမျိုးလေးနဲ့ လိမ်ဆွဲနေတဲ့ ကောင်လေးရဲ့လက်ကို အုပ်ကိုင်လိုက်ရင်း
ပြုံးကာ ပြောလိုက်သည်။
" ဟွမ်လေး ~~ မင်း စိတ်ဆိုးတဲ့အချိန်ကြရင်
ကိုယ့်နာမည်အပြည့်အစုံကို ခေါ်တာဘဲ ..... ချစ်စရာကောင်းလိုက်တာနော် ~~ "

ဟွမ်ကျွင့်ကျယ် နောက်နေနိုင်သေးတဲ့လူကြီး
ကြောင့် အားပိုထည့်ကာ လိမ်ဆွဲလိုက်ပြီး ပြောသည်။
" ခင်ဗျား . . . ဒီထက်ပိုပြီး နာချင်လို့လား "

ရှကျစ်ကွမ်း ရယ်လိုက်ကာ သူလက်မောင်းကို
လိမ်ဆွဲနေတဲ့ လက်သေးသေးလေးကို
သုံးချက်ပုတ်လိုက်ရင်း ပြောသည်။
" ဟား . . ဟား. . ဟား . . ဟုတ်ပါပြီ ....
ဟုတ်ပါပြီ . .. . ကိုယ်မစတော့ပါဘူးကွာ . .
ကိုယ့်ကို လွှတ်ပေးတော့နော်.... "

For Get Me Not 🌸 Where stories live. Discover now