အခန်း ( 10 ) date 1

106 12 2
                                    

" အာ . . ရှကော စောင့်ရတာကြာသွား
ပြီလား "

" မဟုတ်တာ ကိုယ်လည်း ခုဏလေးကမှ ရောက်တာပါ "
ရှကျစ်ကွမ်း ပန်းဆိုင်လေးထဲမှ အသည်းအသန်ပြေးထွက်လာသော ဘောင်းဘီအတိုလေးနဲ့အပေါ်ထပ် ကုတ်အင်္ကျီလေးဝတ်ထားတဲ့ ဆံပင်လုံးလုံးလေးနဲ့ကောင်လေးကို ကြည့်ကာပြောလိုက်သည်။

" လာလေ . . ကိုယ်တို့သွားရအောင် ကားပေါ်တက် "
ရှကျစ်ကွမ်း ကားတံခါးဖွင့်ပေးလိုက်ရင်း ကောင်လေးကိုပြုံးကာ ပြောလိုက်သည်။

" ဟုတ်ကဲ့ "

" ရှကော ကျွန်တော်တို့ ဘယ်သွားကြမှာလဲ "
နှစ်ယောက်လုံးကားပေါ်တက်ပြီးနောက်
ဟွမ်ကျွင့်ကျယ် သူ့ဘေးကလူကြီးကိုကြည့်ကာ မေးလိုက်သည်။

" ကိုယ်တို့ဒိတ်ဖို့အတွက် နေရာတွေအများကြီး ကိုယ်ရှာတွေ့ထားတယ် ဒါပေမယ့် တစ်ရက်ထဲနဲ့အကုန်လုံးကို သွားဖို့ကတော့ မဖြစ်နိုင်ဘူး "
ရှကျစ်ကွမ်း ကားမောင်းနေရင်း မေးလာသောအကောင်ပေါက်လေးကို တစ်ချက်
ကြည့်ကာ ပြန်ပြောလိုက်သည်။

" ဒါကြောင့် မင်းသွားချင်တဲ့ နေရာတွေ ဘာတွေရှိရင် ကိုယ့်ကိုပြောလေ. . . "

" ကျွန်တော် ရုပ်ရှင်တော့သွားကြည့်ချင်တယ် ကျွန်တော့်မိဘတွေရှိထဲက ဟောင်ယန်ကျေးရွာမှာဘဲနေတာဆိုတော့ ကျွန်တော်ရုပ်ရှင်မကြည့်ရတာကြာပြီ "

" အင်း . . ကောင်းပြီ
ဒါဆို မင်းကိုယ့်ကို ဘယ်အမျိုးအစားကြည့်ရတာကြိုက်တာလဲဆိုတာပြောပြ...ကိုယ်ရုပ်ရှင်အက်ပ်မှာ ကြည့်လို့ကောင်းမယ့် ဇာတ်ကား ရှာပေးမယ် "
ရှကျစ်ကွမ်း ကားဆီထည့်ဖို့ ကားကိုရပ်လိုက်ရင်း ဟွမ်ကျွင့်ကျယ်ကိုကြည့်ကာ ပြောသည်။

" အာ . . ခဏလေး ကျွန်တော်စဉ်းစားလိုက်အုံးမယ် "

" ဆရာ . . ဆီဘယ်လောက်ထည့်မှာလဲဗျ "

" အပြည့်ထည့်လိုက် . . ဒီမှာ ကဒ် "
ရှကျစ်ကွမ်း ကောင်လေးကိုကြည့်နေရာမှ ကားမှန်ချလိုက်ပြီး အပြင်ဘက်မှဝန်ထမ်းကို ကြည့်ရင်း ငွေရှင်းကဒ်ထုတ်ပေးလိုက်ကာ ပြောသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်....

" ဆရာ . .ကျွန်တော်တို့ ဆီအပြည့်ထည့်ပေးပါ့မယ် ခဏလောက်စောင့်ပေးပါ ဒီမှာဆရာရဲ့ကဒ်ပါ "

For Get Me Not 🌸 Where stories live. Discover now