အခန်း ( 9 ) မိန်းမလှလေး မဟုတ်ရင်လက်မခံဘူး

134 14 1
                                    

' ငါ. .စုံစမ်းထားရသလောက်ဆိုရင်တော့
ရှကျစ်ကွမ်းက ဒီမှာနေတာဘဲ '
လီတုန်းယွမ် ကားပြတင်းပေါက်မှန်ကနေ မြင်နေရတဲ့ အိမ်ကိုကြည့်လိုက်ရင်း စိတ်ထဲမှ​ ပြောလိုက်သည်။

ပြီးနောက် ဘေးခုံမှာထိုင်နေတဲ့ ကလေးမလေးကို လှည့်ကြည့်လိုက်ရင်း ပြောလိုက်သည်။
" ကိုယ်တို့ ရောက်ပြီ ဆင်းရအောင် . ."

ကျွမ်းရူကျောင် ကားအပြင်ဘက်က ရှုခင်းတွေ ကြည့်နေရာမှ တစ်ဖက်လူရဲ့စကားကြောင့် ခေါင်းညိတ်လိုက်ရင်း ကားအပြင်ကိုထွက်လိုက်သည်။

နှစ်ယောက်လုံး ကားပေါ်မှဆင်းပြီးသည်နှင့်တံခါးပိတ်ထားသော အိမ်ကိုကြည့်လိုက်ရင်း
ကျွမ်းရူကျောင် လီတုန်းယွမ်ရဲ့အင်္ကျီစကို
ဆွဲကာ မေးလိုက်သည်။
" လီကော . . ဟေးလောင်ပန်က ဒီမှာမရှိဘူး
ထင်တယ်"

လီတုန်းယွမ် ရှကျစ်ကွမ်းအိမ်ဘေးက ပန်းဆိုင်လေးကို ကြည့်နေရာမှ ပြုံးကာ ပြန်ပြောလိုက်သည်။
" အင်း . . ဒီချိန်ကအလုပ်ချိန်ဆိုတော့ ..
သူ့ကုမ္ပဏီမှာ ဖြစ်မယ် "

ကျွမ်းရူကျောင် ခေါင်းညိတ်ထောက်ခံလိုက်ရင်း ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ အရမ်းလှတဲ့ နေရာတွေကို တွေ့လိုက်ရ၍
လီတုန်းယွမ်ကို ပြောလိုက်သည်။

" လီကော . . ဟိုမှာကြည့်ပါအုံး . .
ရှုခင်းတွေက အရမ်းလှတာဘဲ ....."

ကျွမ်းရူကျောင် လီတုန်းယွမ်ကို ကြည့်လိုက်ကာ ..
" လီကော . . ကျွန်မ ဓာတ်ပုံသွားရိုက်
ချင်တယ် "

" ရှောင်ကျွမ်း မင်း . . အရင်သွားနှင့်လို့ ရလား
ကိုယ် မိတ်ဆွေတစ်ယောက်ကိုတွေ့လို့ သွားနှုတ်ဆက်လိုက်အုံးမယ် "

" အော် . . မိတ်ဆွေလား "
ကျွမ်းရူကျောင် လီတုန်းယွမ် ကြည့်နေတဲ့ ပန်းဆိုင်လေးထဲက ကောင်လေးကိုလှမ်းကြည့်လိုက်ရင်း ပြောလိုက်သည်။

" အင်း . . အဲ့တာဆို. .ကျွန်မသွားနှင့်
လိုက်မယ် "
ကျွမ်းရူကျောင် လှည့်ထွက်သွားရင် ပြောလိုက်သည်။

" ကိုယ် ပြီးရင်လိုက်လာခဲ့မယ် "
လီတုန်းယွမ် ကျွမ်းရူကျောင်ကိုပြောလိုက်ပြီး
ပန်းဆိုင်ရှေ့ကို လျှောက်သွားလိုက်ပြီး
ရှကျစ်ကွမ်းကို ဖုန်းဆက်လိုက်သည်။

For Get Me Not 🌸 Where stories live. Discover now