အခန်း ( 11 ) date 2

81 13 0
                                    

ချစ်ရသူနှင့်အတူ နေဝင်ဆည်းဆာကို
ကြည်နူးစွာ ကြည့်ရှုနေရင်း အချိန်တွေက ကုန်မှန်းမသိ ကုန်လွန်လာသည်။

ရှကျစ်ကွမ်း ညာဘက်ပခုံးကို မှီထားတဲ့
ကျွင့်ကျယ်ရဲ့ ခေါင်းလုံးလုံးက်ို ပွတ်ပေးလိုက်ရင်း ဘယ်ဘက်လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော နာရီကိုကြည့်လိုက်သည်။

5:20 . .

ကုန်လွန်သွားတဲ့အချိန်နှင့်အတူ တဖြည်းဖြည်း မှောင်စပျိုးလာသောကြောင့်
ရှကျစ်ကွမ်း သူ့ပခုံးပေါ်မှကောင်လေးအား
ကြည့်ကာ ငြင်သာစွာ ပြောသည်။

" ဟွမ်လေး . . ကိုယ်တို့ ထိုင်ခုံလက်မှတ်
ကြိုဝယ်ဖို့လိုတယ်လေ ..... အချိန်က 5:20
ဖြစ်နေပြီ . . "

ဟွမ်ကျွင့်ကျယ် ပျင်းရိစွာ သက်ပြင်းချလိုက်ရင်း . . မှောင်စပျိုးလာတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ကာ ပြောသည်။
" အချိန်တွေက ကုန်တာမြန်လိုက်တာ . .
ရှကော . . ကျွန်တော် အချိန်အကြာကြီး ခင်ဗျားနဲ့ အတူရှိနေချင်တယ် "

ရှကျစ်ကွမ်း တစ်ဖက်က ကောင်လေးရဲ့စကားကြောင့် ပြုံးလိုက်ကာ ကောင်လေးကို
နူးညံ့စွာ ပွေ့ဖက်လိုက်ရင်း ပြောသည်။
" ဒါပေါ့ . . ကိုယ့်က မင်းဘေးမှာ ထာဝရရှိနေပေးမှာပါ . . . . "

ဟွမ်ကျွင့်ကျယ် တစ်ဖက်က လူကြီးရဲ့စကားကြောင့် အားရပါးရပြုံးလိုက်ရင်း ပြောသည်။
" ကျွန်တော် ခင်ဗျားကိုယုံပါတယ် . .
ကျွန်တော့်လူကြီး . . "

မိနစ်အနည်းငယ်ကြာပြီးနောက် . . . .

မြင်းစီးကွင်းမှ ထွက်ခွာလိုက်ကာ ဧည့်ကြိုကောင်တာမှ ဝန်ထမ်းမလေးအား နှုတ်ဆက်လိုက်ပြီး နှစ်ယောက်သား ကားအဖြူလေး
ဖြင့် ချုံချင့်မြို့ရဲ့ တစ်သက်တာရုပ်ရှင်ရုံသို့ မောင်းနှင်လိုက်သည်။

5:57 တွင် ရုပ်ရှင်ရုံအဝင်ဝသို့ 2 မိနစ်အလိုနှင့် ရောက်ရှိသွားသည်။

ရှကျစ်ကွမ်း သူ့ဘေးနားက ဘေးခုံမှာ ထိုင်နေတဲ့ ကောင်လေးကိုကြည့်ရင်း ပြောလိုက်သည်။
" ဟွမ်လေး . . . ကိုယ်တို့ရောက်ပြီ "

ဟွမ်ကျွင့်ကျယ် ရှကျစ်ကွမ်းရဲ့အသံကြောင့်
အပြင်မှ တစ်သက်တာရုပ်ရှင်ဟု လှပသေသတ်စွာ ရေးသားထားသော တရုတ်
စာလုံးဆိုင်းဘုတ်ကို လှမ်းကြည့်လိုက်သည်။

For Get Me Not 🌸 Where stories live. Discover now