အခန်း ( 7 ) လူတွေပြောကြတဲ့ ချိုမြိန်တယ်ဆိုတာမျိုး . .

120 11 0
                                    

" ဘာ ! "

"အဖြေပြန်ပေးလိုက်ပြီ . ."

"အဲ့တာကလည်း . .ပထမဆုံး ပိုးပန်းတဲ့နေ့
မှာတင်ဟုတ်လား . . ."

ဟွမ်ကျွင့်ကျယ် သက်ပြင်းချလိုက်ရင်း . . . .
" ဝူချီ . .ငါသိပါတယ် မင်းက ငါ့ကိုအချိန်စွဲပြီး
အဲ့လူကြီးရဲ့ လုပ်နိုင်စွမ်းကို စမ်းသပ်ခိုင်းတာမဟုတ်လား "

"ဒါပေမဲ့ ..ငါအဲ့လူကြီး သဘောကျတယ်
ငါ.  .
ဘာကြောင့်မှန်းမသိပေမဲ့ . .
ဒီထက်ပိုပြီးအချိန်မစွဲချင်ဘူး တစ်ယောက်ကလည်းချစ်ပြီး တစ်ယောက်ကလည်းပြန်ချစ်နေတာဘဲကို .  ."

" အင်း. .ကြည့်ရတာ မင်းဆုံးဖြတ်ချက် ချပြီးပြီဘဲ ငါက မင်းကိုစမ်းသပ်ခိုင်းတယ်ဆိုတာ
တစ်ဖက်လူက မင်းကို ကစားတာသပ်သပ်ဖြစ်မှာဆိုးလို့ပေမဲ့ . ."

" မင်း . . အဲ့လူကို တကယ်ချစ်တယ် ဆိုရင်တော့
ဒီသူငယ်ချင်းက မင်းနောက်ကနေ မားမားမတ်မတ်ရပ်တည်ပြီး ကူညီပေးမယ်"
ဝူချီ သူ့ရင်ဘတ်ကိုပုတ်လိုက်ကာ တစ်ဖက်သူကိုပြောလိုက်တယ်။

" ဒါပေမဲ့ အဲ့လူက မင်းကိုကစားတာဆိုရင်လည်း ငါအဲ့လူကို ဖမ်းလိုက်ပြီး မင်းဘေးနားမှာ တစ်သက်လုံးနေခိုင်းလိုက်မယ်"

ဟွမ်ကျွင့်ကျင် ရှကောခန္ဓာကိုယ်နဲ့ ဝူချီခန္ဓာကိုယ်နဲ့ကို စိတ်ထဲတွင် နှိုင်းယှဥ်ကြည့်လိုက်မိပြီး ရယ်လိုက်မိသည်။
" ဟား . .ဟား . .ဟား. . . .
ဟုတ်ပါပြီ သူငယ်ချင်းကြီးရယ် ကျေးဇူးတင်ပါတယ် ငါက. .ငါပြောပြလိုက်ရင် မင်းဒေါသထွက်ပြီး ငါကိုဆူတော့မယ်လို့ ထင်ထားတာ"

တစ်ဖက်က ဝူချီက .  .
" မဟုတ်တာ . .ငါက ဘာလို့ ငါတို့ရဲ့
ကျွင့်ကျယ်လေး တစ်စုံတစ်ယောက်ကို ချစ်မိတာကို ဆူရမှာလဲ ငါကမင်းကိုဘဲ စိတ်ပူတာပါ"

ဟွမ်ကျွင့်ကျယ် ပြုံးလိုက်သည်။
" အင်း ...ကျေးဇူးပါ ဝူချီ"

" အင်း . .ရပါတယ် ဒါနဲ့ လာမယ့်နှစ်သစ်ကူး ကို ဘယ်လိုဖြတ်သန်းမှာလဲ မင်းရဲ့
ကောင်လေးနဲ့လား . ."

တစ်ဖက်တွင် ' ကောင်လေး ´ဆိုသော နာမ်စားကြောင့် ဟွမ်ကျွင့်ကျယ် ရှက်သွားရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အင်း . .အဲ့လိုဘဲဖြစ်မှာပေါ့ . . .ဒါပေမဲ့ ငါအဒေါ်တို့ဆီကိုလည်းသွားအုံးမှာပါ"

For Get Me Not 🌸 Where stories live. Discover now