အခန်း ( 3 ) ပထမဆုံး တွေ့ဆုံမှု

177 18 0
                                    

ဟွမ်ကျွင့်ကျယ် မိဘတွေကိုနှုတ်ဆက်ပြီး
သူ့ကားရှိရာကိုလျှောက်လာလိုက်ပြီး ခုဏကဖွင့်ထားတဲ့ ကားနောက်ဖုံးကိုပိတ်လိုက်သည်။

ပြီးနောက် ကားမောင်းသူနေရာမှာထိုင်လိုက်ပြီး အပြာရောင်ပန်းသေးသေးလေးတွေထည့်ထားတဲ့ခြင်းလေးကိုတော့ ဘေးကထိုင်သူခုံပေါ်မှာတင်ရင်း ကားစက်နှိုးလိုက်သည်။

တစ်ခါ. . .

နှစ်ခါ. . .

ကျွင့်ကျယ် အကြိမ်ကြိမ်စက်နှိုးကြည့်ပေမဲ့ နှိုးလို့မရ. . .

ကျွင့်ကျယ်ကားပေါ်က ဆင်းကာ. .
ကားနောက်ဖုံးဖွင့်ပြီးကြည့်လိုက်သည်။

"ဟင်း. .သွားပါပြီ ငါ ဆီထည့်လာဖို့မေ့သွားတာဘဲ အခုတော့ဆီကုန်သွားပြီ ကောင်းရော"
ကျွင့်ကျယ် ခေါင်းကို စိတ်ညစ်စွာဆွဲဖွလိုက်ရင်းပြောလိုက်သည်။

မိဘတွေ သေဆုံးမှုက လျှပ်တပြက်ဖြစ်ခဲ့သလို အရာအားလုံးကိုလက်ခံနိုင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ စိတ်ရှုပ်ထွေးမှုတွေကြောင့်
လုပ်သင့်တဲ့အရာလုပ်လာဖို့ မေ့လျော့သွားခြင်းဖြစ်သည်။

ကျွင့်ကျယ် ကားနောက်ဖုံးကို ပြန်ပိတ်လိုက်ရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"ဒီလိုနေရာမျိုးမှာ အကူအညီတောင်းစရာလူကောရှိပါ့အုံးမလား"

ရှကျစ်ကွမ်း မတ်တပ်ထရပ်လိုက်ကာ သူ့အရှေ့ရှိ အုတ်ဂူအဖြူလေးကိုကြည့်ရင်းပြုံးလိုက်သည်။

"ကဲ. .မိုးလည်းတိတ်သွားပြီဆိုတော့ ဒီနှစ်ကတော့ ဒီလောက်နဲ့ဘဲ ကျွန်တော်ပြန်တော့မယ်နော် နောက်နှစ် ကျွန်တော်အစ်ကို့ ကို ထပ်လာတွေ့ပါ့မယ်"

ရှကျစ်ကွမ်း အစ်ကိုဖြစ်သူအား နှုတ်ဆက်ပြီး
ထွက်ခွာလာချိန်တွင် အေးချမ်းတဲ့ အသံလေးနဲ့အတူ အဖြူရောင်ပုံရိပ်လေးတစ်ခု. . .

ရှကျစ်ကွမ်း လှည့်ကြည့်လိုက်သည်။

အင်္ကျီလက်ရှည် အဖြူရောင်ရှပ်လေးကို အနက်ရောင်ဘောင်းဘီလေးနဲ့တွဲဝတ်ထားပြီး ပျော့ပြောင်းနုညံ့နေတဲ့ အနက်ရောင်ဆံနွယ်လေးတွေက လေမှာလွင့်မြောလျက် ဖြောင့်စင်းနေတဲ့နှာတံပေါ်ကမှဲ့နက်ကလေးက ထိုကောင်လေးအား ဖြူစင်တဲ့ကလေးငယ်လေးတစ်ဦးလိုဖြစ်နေစေသည်။

For Get Me Not 🌸 Where stories live. Discover now