အခန်း ( 8 ) ကြိုက်တာ မဟုတ်ဘူး . . ချစ်တာ

123 15 3
                                    

ဒင် . . . .

ဓာတ်လှေကားတစ်ခါးပွင့်သွားတဲ့အသံနဲ့အတူ မြင်လိုက်ရသော ရှုခင်းကြောင့်
ဟွမ်ကျွင့်ကျယ် အံ့သြသွားမိသည်။

သစ်ပင်ပန်းမန်တို့အပေါ်မှာ ပတ်ခွေထားသော မီးရောင်စုံလေးတွေ. . .
သစ်သား မီးအိမ်လေးတွေနဲ့အတူ ထွန်းလင်းတောက်ပနေတဲ့ လမင်းအောက်မှာ . .
မတ်တပ်ရပ်နေတဲ့ ထိုလူ . . . .

ရှကျစ်ကွမ်း ဓာတ်လှေကားတံခါးပွင့်သွားတာနဲ့ အပြင်ကိုထွက်လိုက်ပြီး ဓာတ်လှေကားအပေါက်ဝမှာ ငေးငိုင်စွာရပ်နေသော
ကောင်လေးအား လှည့်ကြည့်ရင်း ပြောလိုက်သည်။

" ဒါ. . ကိုယ်မင်းကို ပြချင်တဲ့ နေရာလေ
မင်းသဘောကျရဲ့လား"
ရှကျစ်ကွမ်း ကောင်လေးအား ပြုံးကာ ပြောလိုက်သည်။

"အာ . .ဒါတွေ အကုန်လုံး ရှကောကိုယ်တိုင်ပြင်ဆင်ထားတာလား "
ဟွမ်ကျွင့်ကျယ် ရှကျစ်ကွမ်း နားလျှောက်သွားလိုက်ပြီး ရှကျစ်ကွမ်းဘေးတွင် ရပ်ကာပြောလိုက်သည်။

" အင်း . .
ဒီမှာ လာထိုင် . ."
ရှကျစ်ကွမ်း နူးညံ့တဲ့ ပိတ်သားခင်းထားတဲ့နေရာကို လက်ညိုးထိုးပြရင်းပြောလိုက်သည်။

ဟွမ်ကျွင့်ကျယ် ခေါင်းညိတ်ပြလိုက်ရင်း သွားထိိုင်လိုက်သည်။ထို့နောက် သူ့အနောက်ရှိလူကြီး လာမထိုင်သေးဘဲ မတ်တပ်ရပ်နေတာကို တွေ့လိုက်၍မေးလိုက်သည်။

" ခင်ဗျားကော လာမထိုင်သေးဘူလား"

ရှကျစ်ကွမ်း ပြုံးလိုက်ရင်း ပြောလိုက်သည်။
" ကိုယ်လာမယ် ဒါပေမဲ့ ကိုယ်လုပ်စရာလေးရှိသေးလို့. ."

ဟွမ်ကျွင့်ကျယ် . .အရှေ့သို့ကြည့်ရင်း ပြောလိုက်သည်။
" အင်း . .သွားလေ ကျွန်တော် ဒီမှာစောင့်နေမယ်"

ရှကျစ်ကွမ်း ကောင်လေးအား ကြည့်ပြီး အနောက်ဘက်သို့လှည့်ကာလျှောက်သွားလိုက်ရင်း . . ပလပ်ခုံတစ်ခုမှ ကြိုးအား ဆွဲဖြုတ်လိုက်သည်။

ဖြောက် . . . .

လင်းထိန်နေရာမှ ပတ်ဝန်းကျင် တစ်ခုလုံးရုတ်တရက် တိတ်ဆိတ်မှောင်မည်းသွားသည်။
ထိုသို့ လျှပ်တပြက်အဖြစ်အပျက်ကြောင့်
ဟွမ်ကျွင့်ကျယ် လန့်သွားရင်း လှမ်းအော်လိုက်သည်။

For Get Me Not 🌸 Where stories live. Discover now