Part - 11
548 28 2
Zawgyi
"ဟူးး ပင်ပန်းလိုက်တာကွာ ညောင်းကိုက်နေတာပဲ"
မင်းဆက်ပြောတာလဲဟုတ်သည်။တစ်နေ့တစ်နေ့ဆေးရုံနဲ့အဆောင်ကိုယ်ပြေးနေရတာတော်တော်ပင်ပန်း၏။အလုပ်တွေကြိုးစားပြီးပိုက်ဆံကုန်းကြုံးရှာနေတာမိန်းမယူဖို့လားဆိုတဲ့ထိတောင်အမေးခံရလေသည်။
"ညည်းငြူမနေနဲ့ အကိုက်ခဲပျောက်ဆေး သောက်ထား"
"မင်းရောဘာထူးလို့လဲ မင်းကြမညည်းငြူတာကျ"
"အေးပါ မိန်းမရယ် ယောကျာ်းမှားပါတယ်"
"ဘောကို မိန်းမလား"
"လာပါအုံး ယောကျာ်းဂို ဖက်ထားပါအုံးကွာ"
"ဟေ့ကောင်!! လစ် လစ်"
မင်းမြတ်ရေချိုးပြီးအခန်းထဲဝင်လာစဉ်အသံများကြားသည်မို့ကြည့်လိုက်တော့အကိုနဲ့၊ရဲမာန်ထိုက်ဆော့ကစားနေသည်ကိုယ်မြင်တွေ့လိုက်ရ၏။အကိုကအောက်မှာဖြစ်ပြီးရဲမာန်ထိုက်ကအပေါ်ရောက်နေ၏။မြင်ရတွေ့ရတာတကယ်စိတ်ထဲမှာအဆင်မပြေလှပါ၊သူငယ်ချင်းဆိုပြီးရောရောနေတာကြာလေကြာလေအမြင်ကပ်လာလေပဲပင်။
"အဟမ်းး ဒါက ဘယ်လိုဖြစ်နေကျတာလဲ"
မင်းမြတ်ချောင်းဟန့်ပြီးဝင်မေးလိုက်တော့အကိုကပြူးတူးကြောင်တောင်လေးဖြစ်မင်းမြတ်ကိုယ်ကြည့်လာသည်။
"အဲ့မှာလေ ရဲမာန်ပေါ့ မသာက ငါ့ကိုယ်တက်ဖိထားတာ"
"အကိုကြီးရဲမာန်ထိုက်!! အနိုင်ကျင့်နေတာပေါ့လေ"
"လီးဖြစ်လား ကျင့်တော့ ငါသူငယ်ချင်း ငါ့ကျင့်တာဘာဖြစ်လဲ"
"မကျင့်နဲ့ မကြိုက်ဘူး နည်းနည်းလေးမှ"
သကောင့်သားနှစ်ယောက်မကြာခင်စစ်ပွဲခင်းတော့မည်အလားဖြစ်နေသည်မို့မင်းဆက်ဝင်တားမှရတော့မည်ဖြစ်ချေ။
"ကဲ တော်ကြတော့ နှစ်ကောင်သား တည့်အောင်နေမယ်မရှိဘူး သူငယ်ချင်းတွေ အချင်းချင်း အားနေသတ်နေတာ"
"မင်းဟာလေးက ငါ့ကိုယ် အရင်ရန်လာရှာတာလေ"
"ဒီကောင်တော့!! တော်တော့လို့ပြောနေတယ်"