အပိုင်း (၄)

2.7K 61 9
                                    

*Phone ringing

ဒီနေ့ဟာ လရိပ်ရဲ့ အလုပ်ပိတ်ရက်ဖြစ်တာကြောင့် မနက်စောစောမထဘဲ ဆက်အိပ်နေတုန်း လရိပ်ရဲ့ဖုန်းလေးက တုန်ခါအသံမြည်လာခဲ့သည်။ လရိပ်တို့အလုပ်က အရေးပေါ်ကိစ္စတွေ အချိန်မရွေးရှိနိုင်တာမို့ ညဘက် ဖုန်းပိတ်အိပ်သည့်အကျင့် လရိပ်မှာမရှိ။ ဖုန်းကိုကောက်ကိုင်လိုက်တော့ Daniel ဆိုတဲ့ contact name လေးပေါ်နေတာမို့ လရိပ်အမြန်ပင် accept လုပ်လိုက်ရသည်။

"အိပ်ရာထတော့ ရိပ်။ ကိုယ် နောက်နာရီဝက်နေရင် လာခေါ်မယ်။ ရိပ်ရဲ့ပိတ်ရက်လေးကို အကျိုးရှိရှိဖြတ်သန်းရအောင်"

ပြောပြီး တီကနဲ ဖုန်းချသွားလေသည်။ လရိပ် အားမအားတောင် သူကမေးမသွား။ မသွားဆို သူနဲ့ လရိပ်တို့ အပြင်မှာတွေ့ကြတဲ့ညတုန်းက သူက လရိပ်ရဲ့ Duty roster ကို သူ့ဆီပို့ပေးရန်ပြောသည်။ ဒါကြောင့်ပဲ ဒီနေ့လရိပ်ပိတ်ရက်ဆိုတာ သူသိနေတာပင်။ ပိတ်ရက်ဆိုလျှင် လရိပ်က နေ့ခင်းထိအိပ်တတ်သည်။ အိပ်ချင်သည်ဖြစ်စေမအိပ်ချင်သည်ဖြစ်စေ အခြား အထွေထူးလည်း လုပ်စရာမရှိတာမို့ နေ့ခင်းထိအိပ်ပြီး ညနေစောင်းမှ တခုခု မဖြစ်မနေ ထစား၊ ရုပ်ရှင်ကြည့်နှင့် ဒီလိုနဲ့ပဲ အိပ်ချိန်ရောက်သွားပြန်တာဖြစ်သည်။ 

အခုတော့ နာရီဝက်အတွင်းဆိုသော သူ့စကားကြောင့် လရိပ်ကမန်းကတန်း အိပ်ရာထကာ မျက်နှာသစ်သွားတိုက် အမြန်လုပ်လိုက်ပြီး ပေါ့ပေါ့ပါးပါး အဝတ်တစ်စုံ လဲလိုက်သည်။ နဂိုကတည်းက အထွေအထူး မလိမ်းခြယ်တတ်သူမို့ ကျောလယ်မရှိတရှိဆံပင်ကိုသာ hair serum လေးနည်းနည်းလိမ်းပြီး သိုးမွှေးကွင်းလေးနှင့် စည်းနှောင်လိုက်သည်။

အိမ်ရှေ့က ထွက်စောင့်နေသင့်သည်ဟု တွေးမိတာကြောင့် လရိပ်အိမ်တံခါးသော့ပိတ်ပြီး ‌အရှေ့ထွက်စောင့်နေလိုက်သည်။ လရိပ်စောင့်နေပြီး ငါးမိနစ်လောက်နေတော့ သူ့ကားလေးက လရိပ်ရှေ့ကို ထိုးဆိုက်လာသည်။ ထုံးစံအတိုင်း တံခါးသုံးချက်ခေါက်ပြီး ခွင့်တောင်းပြီးမှ အထဲဝင်ထိုင်လိုက်သည်။

"ကိုယ့်ကို ကြိုစောင့်နေတာပေါ့"

"ဟုတ်ကဲ့အကို"

LunaraWhere stories live. Discover now