အပိုင်း (၅)

3.2K 60 20
                                    

ဖြူဖျော့ပေမယ့် တစ်အိမ်လုံးနှင့်တစ်ယောက် ခေါင်းပြိုင်မာနိုင်သောမိန်းကလေးက ဒီလို သူ့ရှေ့မှာ အဖြူရောင်ဝမ်းဆက်လေးနဲ့ ရိုရိုကျိုးကျိုး ရပ်နေသည်။

"ကဲ အပြစ်ဝန်ခံမယ်"

"လရိပ် အကို့စကားကို ၂၃ ပတ် ကြာအောင် နားမထောင်ခဲ့မိပါဘူး။ လရိပ်မှာ အပြစ်ရှိပါတယ်"

"ဟုတ်တယ် မင်းမှာ အပြစ်ရှိတယ်။ မင်းကတော့ မင်းရဲ့အဆိုးဆုံးကာလတွေမို့ လို့ တွေးမလားမသိပေမယ့် အဲ့လို အဆင်မပြေတဲ့အချိန်မို့လို့ပဲ မင်းကို မပြိုလဲသွားအောင် ငါကခိုင်းခဲ့တာ"

ရိပ်က ပြန်မဖြေ။ သူ့ခြေဖမိုးဆီမှာသာ အကြည့်ရောက်နေသည်။

"ကဲ ကိုယ့်ပေါင်ပေါ် မှောက်လိုက်"

သူ့စကားဆုံးတော့ အဖြူရောင်မိန်းကလေးက သူ့ဘေးကိုရွှေ့ရပ်ပြီး သူ့ပေါင်ပေါ် မှောက်ချလိုက်သည်။

"ကဲ ၂၃ ပတ်စာ ၂၃ ချက်ရိုက်မယ်။ အစမို့ဘောင်းဘီ မချွတ်တော့ဘူး။ မင်း သိပ်လိုချင်လာမှာစိုးလို့လည်း ပါတာပေါ့"

သူက လရိပ်ကို စကားနှင့် အနည်းငယ်နှိမ်လိုက်ပြီး စကားအဆုံးမှာ တစ်ချက် စတင်ကျွေးလိုက်သည်။

ဖြန်း

"အ.."

လက်ကို အရှိန်နှင့်လွှဲချတာမို့ အတော်လေး ထိလှသည်။ အရင်က Online ကနေ သူက အပြစ်ပေးတာမျိုးတော့ ရှိဖူးပြီး လရိပ် ကိုယ့်တင်ပါးကိုယ် ပြန်ရိုက်ဖူးတာမျိုး ရှိဖူးပေမယ့် မတူပါ။ အင်းလေ မတူဘူးပေါ့။

"ကိုယ်တချက် ရိုက်ပြီးတိုင်း စောစောထ အိပ်ရာသိမ်း လို့ အော်။ တခြား ဘာအပိုအသံမှ ထွက်ခွင့်မရှိဘူး"

ဖြန်း

"စောစောထ အိပ်ရာသိမ်း"

ကလေးတွေ ဆောင်ပုဒ်ရွတ်သလို အော်‌ရတာကြောင့် လရိပ်အနည်းငယ်ရယ်ချင်သွားမိသော်လည်း ရယ်ချင်စိတ်လေးဟာ နောက်ထပ်ကျရောက်လာသော လက်ဆပြင်းပြင်းကြောင့် ကြာကြာမခံပါ။

ဖြန်း

"စောစောထ အိပ်ရာ....သိမ်း"

လရိပ်‌ သူအော်ခိုင်းသလို အော်နေတုန်း လရိပ်ရဲ့ လည်ပင်းဆီ လာကိုင်တဲ့ သူ့လက်တစ်ဖက်ကြောင့် အနည်းငယ်ပင် တုန့်ဆိုင်းသွားရသည်။ ပြီးတော့ ခေါင်းလည်း အနည်းငယ်မော့သွားရသည်။

LunaraWhere stories live. Discover now