အပိုင်း (၆)

2.5K 72 13
                                    

လရိပ်ရဲ့ပိတ်ရက်‌ပြီးတဲ့နောက် အလုပ်ပြန်တက်တဲ့နေ့မှာ ဖြစ်သည်။ လရိပ်အလုပ်သွားဖို့ ပြင်ဆင်နေတုန်းမှာပဲ သူ့ကားလေးက အိမ်ရှေ့ ထိုးရပ်လာသည်။ ဖုန်းလည်းဆက်မလာ၊ ဟွန်းလည်းမတီးသေးတာကြောင့် အမြန်ထွက်လာစေလိုပုံတော့ မပေါ်။ အလုပ်သွားဖို့ လိုအပ်တာတွေ သေချာထည့်ပြီးမှ လရိပ်အပြင်ထွက်လာခဲ့သည်။

လရိပ်ခြံတံခါးပိတ်နေတုန်း သူက ကားတံခါးဖွင့်ပြီး ဆင်းလာသည်။  လရိပ်လက်ထဲက အိတ်နှင့် ထမင်းချိုင့်ကို ယူလိုက်ပြီး ကားနောက်ခန်းတံခါးကိုဖွင့်ကာ ထည့်လိုက်သည်။ ပြီးမှ လရိပ်ဖက်က ကားတံခါးကို ဖွင့်ပေးလာတော့ ကားဘေးမှာ ရပ်နေတဲ့ လရိပ်လည်း အလိုက်တသိပင် ကျေးဇူးစကားဆိုလိုက်တော့ သူက မေ့ဆတ်ပြကာ ကားထဲဝင်ထိုင်ဖို့ ခွင့်ပြုလိုက်သည်မို့ ကားထဲ ဝင်ထိုင်လိုက်သည်။

ဒီမနက်မှာတော့ သူက စကားနည်းလှသည်။ သူ့ကားလေးက ဆေးရုံရှေ့မှာ ညင်ညင်သာသာပဲ ရပ်သွားသည်။ Seat belt ကို မဖြုတ်ရသေးမီပင် သူက လရိပ် လက်တစ်ဖက်ကို ဆွဲယူကာ ခပ်ဖွဖွ ဆုပ်ကိုင်လာသည်။

"ဒီဆက်ဆံရေးကို ကိုယ်အလေးအနက်ထားတယ်ဆိုတာ ရိပ်နားလည်တယ်မလား။ နားမလည်လည်း အခုလည်လိုက်တော့နော်။"

"ဟုတ်....ဟုတ်ကဲ့အကို"

"ဘယ် relationship ပုံစံထဲမှာပဲနေနေ ကိုယ်က လူအများကြီးပတ်သက်ရတာ မကြိုက်ဘူး။ အခုလည်း ဒီလိုပဲ။ အခု ကိုယ် မင်းနဲ့ကိုယ်နဲ့ကြားမှာ ဆက်ဆံရေးတစ်ခု သေချာတည်ဆောက်နေတယ်။ ကိုယ့် ဦးဆောင်မှုနောက်ကို မင်းလိုက်နိုင်လား ရိပ်"

သူ့စကားတွေနောက်က အဓိပ္ပာယ်တွေကို သေချာဖမ်းမိဖို့ လရိပ် ကြိုးစားနေမိပေမယ့် သေချာတော့ နားမလည်ပါ။ ဒီဆက်ဆံရေးကို သူအလေးအနက်ထားတယ် ဆိုတာလောက်တော့ လရိပ်သိပါသည်။ လရိပ်ကို သူ့ရဲ့ တရားဝင် Sub လို သတ်မှတ်ဖို့ ကြိုးစားနေသည်ဟု လရိပ်ထင်မိပါသည်။

လရိပ်လည်း ဒီရက်တွေမှာ နေရတာ အဆင်ပြေလှသည်။ အထူးသဖြင့် လရိပ်ရဲ့ အထီးကျန်မှုတွေကတော့ သိသိသာသာ လျော့ပါးလှသည်။ အိပ်ရာနိုးချိန်နဲ့ အိပ်ရာဝင်ချိန်တွေမှာ အမြဲဖြစ်နေတတ်သော လစ်ဟာမှုတွေကလည်း မသိသာလှတော့ပါ။ စိတ်လုံခြုံမှုလေး ရစပြုနေပြီဟု လရိပ် ခံစားရသည်။

LunaraWhere stories live. Discover now