ပူထူစပ်ဖျင်းနေသော ကျောပြင်မှာ နာရကောင်းမှန်းမသိအောင်ပင် ထုံနေပြီဖြစ်သည်။ ဆယ်ချက်အထိ ရိုက်ပြီးတော့ သူက ခါးပတ်ကိုလရိပ်ဘေးကို ပစ်ချလိုက်ပြီး ကုတင်ပေါ်မှာ ထိုင်လိုက်သည်။
ဟူး
သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သံနှင့်အတူ သူ့ဒေါသတွေလည်း အတန်အသင့် လျော့ပါးသွားစေကောင်းရဲ့ဟု လရိပ်မျှော်လင့်မိသည်။
သို့သော်လည်း လရိပ်ကိစ္စက မလွယ်ပါချေ။ မိမိ၏ Dorm ဖြစ်သူရှေ့မှာမှ အခြားယောက်ျားလေးနှင့် လက်ပွန်းတတီး နေမိသည့်အပြစ်လေ။
"မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး လာထိုင်စမ်း Lunara"
ခုတင်စွန်းမှာ ထိုင်နေသော သူ့ရှေ့ လရိပ် လေစဘက်ထောက်ရင်း အတွေးတွေ မြောလွင့်နေတုန်း အေးစက်စက်ထွက်လာသော သူ့အမိန့်ကြောင့် လရိပ် စိတ်နှင့်လူ အမြန်ပြန်ကပ်လိုက်ရသည်။
လရိပ် သူ့ရှေ့မှာ ပုံစံတကျ ဒူးထောက်ထိုင်လိုက်ရင်း လက်တွေကို ပေါင်ပေါ် နေရာတကျ တင်ထားလိုက်သည်။ ခါးကိုမတ်၍ ခေါင်းကိုငုံ့ထားရပြီး ငြိမ်သက်စွာ သတိကပ်နေလိုက်သောအခါ အခုနက အရိုက်ခံထားရသော ကျောပြင်အနှံ့အပြားမှ နာကျင်ခံစားမှုအာရုံတို့က ရုန်းကြွလာရသည်။
တဆက်တည်းမှာပဲ သူက လရိပ်ပါးစပ်မှာ တပ်ထားသော ball gag ကို ဖြုတ်ပေးလာသည်။ အနောက်မှာ သိုင်းထားသော ကြိုးကို ဖြုတ်လိုက်ပြီး ဘောလုံးကို ဆွဲထုတ်လိုက်တော့ လရိပ်ပါးစောင်ကနေ သွားရည်တွေက မထိန်းနိုင်စွာ စီးကျလာပြန်သည်။
သူက လရိပ် မေးစေ့ကို သူ့ဘယ်လက်ဖြင့် ခပ်ကြမ်းကြမ်းကိုင်ကာ ဆွဲမော့လာသည်။ တပြိုင်တည်း မြောက်တက်သွားသော သူ့ရဲ့ ညာလက်ကို မျက်လုံးထောင့်မှ ရိပ်ကနဲ မြင်လိုက်ရပြီးနောက်
ဖြောင်းး
အားပါလှသော ရိုက်ချက်တစ်ခုက လရိပ်ရဲ့ ဘယ်ဖက်ပါးပြင်ပေါ်သို့ ပြင်းထန်စွာကျရောက်လာသည်။
လရိပ်မိုက်ကနဲ ဖြစ်သွားပြီး တချက်မှောင်ကနဲ ဖြစ်သွားရကာ တဖက်သို့လည်ထွက် ယိုင်ကျသွားရသည်မှာ ပုံစံပျက်ပြီး လက်တစ်ဖက်ထောက်မိသည်ထိပင်။
