"ငါ သင်္ဘောသီးသုပ်စားချင်တယ်"
"အစ်ကိုစားချင်ရင် ယမင်းတို့အိမ်မှာရှိတယ် သွားသုပ်ခိုင်းလိုက်မယ် အိမ်မှာစောင့်နေနော်"
"ငါရောလိုက်ချင်တယ်"
"နေပူတယ်လေဗျာ"
"ဝေးမှမဝေးတာကို ထီးဆောင်းခဲ့မယ်လေနော်"
"အစ်ကို့သဘောပါဗျာ"
အစ်ကို့စကားတစ်ခွန်းက ကျွန်တော့်အတွက်တော့ အမိန့်တွေထက်စွမ်းနိုင်ပါတယ်။
ယမင်းတို့အိမ်ရောက်တော့ ခြောက်ယောက်ပေါင်းပြီး သင်္ဘောသီးသုပ်စားဖြစ်သည်။သူကြီးသားကတော့အဆိုးဆုံးပဲ ဟိုဟာများသွားပြီဒါများသွားပြီနဲ့ သူ့လူအကြိုက်နဲ့မညီမချင်း ယမင်းတို့ညီအစ်မကို ဆရာလုပ်သည်။
"ခုတစ်လော စာကလေးလည်းမမြင်ပါလား ငပွေး"
"မတွေ့ဆို တောင်ရွာအပျိုကြီးဆီ ရောက်နေတာနေမှာပေါ့"
"အံမယ် ဟုတ်လှချည်လားကွ ..အစ်ကိုတအားမစားနဲ့ ဗိုက်အောင့်မယ်ဗျ"
" မင်းအဲ့လိုကဲသဲနေလို့ စာကလေးကမင်းနားမကပ်တော့တာ မျက်စိနောက်နေမှာပေါ့"
"အားကျသွားတာနေမှာပါကွာ"
"ပေါက်ကရတွေပြောပြန်ပြီ"
"ငါတို့မိန်းကလေးတွေကိုလည်း အားနာပါအုံးဟဲ့ ငဘုန်းရဲ့"
"အောင်မာ ညီအစ်မနှစ်ယောက် တိုးတိုးတိုးတိုးနဲ့ ငါ့အကြောင်းပြောနေကျကိုများ မသိရင်ခက်မယ်"
"အဟီး"
"အသံကိုက ယောကျာ်းကိုရမှာမဟုတ်ဘူး"
"ဟဲ့ ယောကျာ်းများ ခုယူရင်ခုရတယ်နော် မလိုချင်လို့ "
"ပြောတာပဲ အပျိုကြီးပိတောက်မေကိုပဲကြည့် ရွေးရင်းငြင်းရင်းနဲ့ အခုသုံးဆယ်စွန်းနေပြီ"
"အဲ့တော့ဘာဖြစ်လဲ ဘဝဆိုတာ သုံးဆယ်ကျော်မှ စတာ"
"မတွေ့သေးခင်တုန်းကတော့ ငါလည်းအဲ့လိုပြောခဲ့တာပဲ တွေ့သွားတော့လည်း မနက်တွေ့ ညယူပစ်ချင်တာ"
"ဘာတွေလျှောက်ပြောနေတာတုန်း"
ပြောရင်း ပေါင်ကိုလည်း လိမ်ဆွဲသေးသည်။ချစ်မိတော့လည်း နာတယ်မထင် လက်ကလေးကိုသာ ဖမ်းဆွဲထားမိသည်။
YOU ARE READING
သူကြီးသားကဆိုးလိုက်တာ(Complete )
Romanceတစ်ချို့လူတွေက ချစ်တဲ့သူပျော်ရွှင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်သူကိုစွန့်လွှတ်တတ်ကြတယ်တဲ့ ကျွန်တော်ကတော့ ချစ်ရတဲ့အစ်ကို့ကိုပျော်ရွှင်အောင်ထားနိုင်ဖို့ ပိုင်ဆိုင်ရမှကိုဖြစ်မှာပါ #ဘုန်းဋီကာမောင် ကိုယ်အမြဲပြုံးနေဖို့ဆိုရင် မင်းအမြဲပျော်နေဖို့ပဲ လိ...