အပိုင်း ၁၀

9.5K 356 6
                                    

"ဘာလာလုပ်တာတုန်း"

"လာမှတော့ ကိစ္စရှိလို့ပေါ့"

"ငါမအားဘူး"

"မင်း မညစ်ပတ်နဲ့"

"နေစမ်းပါအုံးငဘုန်းရာ မင်းမလဲ အကူညီတောင်းဖို့လာလို့သာပဲ"

"မကူညီနိုင်ဘူး"

"ရွှေကျီး"

"မင်းဘယ်လိုဖြစ်နေတာတုန်းငဘုန်း"

သူကြီးသားနှင့်ရွှေကျီးကြား ငထွေးခေါင်းကိုက်နေရပြီ။သူကိုကလျှာရှည်ပြီး လိုက်လာမိတာ။ဒီနေ့ကြီးမြက ကိုသဝဏ်ကိုခေါ်ထုတ်သွားသည်။ငပွေးကအဖေနှင့်ယာထဲလိုက်သွားပြီး စာကလေးကသံချောင်းတို့နှင့် ချောင်းထဲလိုက်သွားသည်။

ဤသို့ဖြင့် အလုပ်မရှိသော သူကြီးသားကသူ့အားဆွဲခေါ်လာကာ တောင်ရွာသို့ထွက်လာခြင်း။တွေ့ချင်သူကိုတွေ့တော့လည်း စကားအပြောကမတတ်။ဟိုကလည်း အရင်တုန်းကရန်ငြိုးနဲ့ သိပ်မကြည်။အဲ့တုန်းကလည်း ဘာမပြောညာမပြောနဲ့ ​သူကအရင်ဆွဲထိုးတာ။

"ကဲပါရွှေကျီးရယ် သူ့စကားကိုဗွေမယူပါနဲ့ကွာ ရွာနီးချင်းတွေပဲဟာ ပြီးတော့ဒီကိစ္စကမင်းပဲကူညီနိုင်မှာမလို့ပါ"

"ငါသူ့ကိုမကျေနပ်သေးဘူး"

"ငါကလည်းမေးချင်နေတာ အဲ့ဒီတုန်းကမင်းငါ့ကိုအရင်ထိုးတာ ငါကဘာလုပ်ထားလို့တုန်း"

"မင်းလုပ်ထားတာမင်းသိလေ"

"ငါမသိလို့မေးနေတာလေ"

"မင်း "

ရွှေကျီးကပြောမထွက်သလို စကားကိုခဏရပ်သည်။

"မင်းလှိုင်ဦးရှေ့ ပုဆိုးလှန်ပြီးအပေါ့သွားတယ်လေ"

"ဘာ"

ငဘုန်း ရုတ်တရတ်ကြောင်တောင်တောင်ဖြစ်သွားလေသည်။

"ငါပြောနေတာ အခုငါယူထားတဲ့ငါ့ယောကျ်ားရှေ့ မင်းပုဆိုးလှန်တယ်လို့ "

"ဟုတ်လို့လား"

"မင်း မူးရူးနေပြီးတော့ အခုမှမသိသလိုလာလုပ်မနေနဲ့"

"ဟ သေးပေါက်တာ ပုဆိုးမလှန်လို့ ဘယ်လိုပေါက်ရမှာလဲ"

"မင်းနေ့ခင်းကြောင်တောင် ​လမ်းလယ်ခေါင်ကြီးလှန်တာလည်း ထည့်ပြောအုံးလေ"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now