"တော်ပြီလေ""နည်းနည်းလေးပဲကျန်တော့တာ ငြိမ်ငြိမ်နေပါအစ်ကိုရာ"
"မင်းဟာကချွဲစိစိနဲ့အေးအေးကြီးလို့"
"ခဏလေးပဲ ပြီးရင်ရေချိုးပေးမယ်"
ကုတင်ပေါ်ထိုင်နေသောအစ်ကို့အား ရှားစောင်းလက်ပတ်လိမ်းပေးနေခြင်း။သူနှင့်ရပြီးမှ အသားညိုသွားသည်ဆိုသော စကားတွေကြားပြီး သူနှစ်ရက်တောင်ထမင်းစားမဝင်။ထို့ကြောင့် အမေခြံထဲစိုက်ထားသည့် ရှားစောင်းပင်က နေလောင်ပျောက်သည်ဆိုတာသိရသည်နှင့် အဖတ်ကြီးနှစ်ဖတ်ပြေးချိုးကာ အစ်ကို့အားလိမ်းပေးနေခြင်း။
"ငါ့အသားအဲ့လောက်လည်းမညိုပါဘူးကွာ ညိုသွားလည်းဘာဖြစ်လဲ ယောကျ်ားလေးပဲဟာ ရွာထဲကမိန်းကလေးတွေတောင် ငါလောက်အသားမဖြူဘူး ဘာတွေစိုးရိမ်နေတာလဲမောင်ရာ"
"မရဘူးဗျ အစ်ကို့ကိုအရင်ကထက်မသာရင်တောင် အရင်ကလိုထားချင်တာ ကျွန်တော်ကအစ်ကို့ကို တအားချစ်တာ နေပြောက်လေးတောင် ထိုးစေချင်တာမဟုတ်ဘူး တော်ပြီနောက်ဆိုချောင်းထဲမသွားရတော့ဘူး အမေတို့နဲ့လည်းယာခင်းထဲလိုက်လိုက်မသွားနဲ့ ကျောင်းပိတ်ရက်ကို အိမ်မှာပဲစာဖတ်နေ"
လိမ်းပေးခြင်းအားလက်စသတ်ကာ လက်ကိုပုဆိုးနှင့်သုတ်လိုက်သည်။
"မောင်ကလည်း ငါကလျှောက်သွားရတာပျော်လို့ဟာကို ငါအသားမည်းသွားတော့ မောင်ကမချစ်တော့ဘူးလားပြော"
"ဘာမှမဆိုင်တာဗျာ အစ်ကို့ဘာသာမဲကာမကလို့ မီးသွေးခဲပဲဖြစ်သွားသွား ကျွန်တော်ချစ်တာနဲ့ဆိုင်မနေဘူး ကျွန်တော်ကအစ်ကို့မိုလို့ချစ်တာပါဗျာ ချစ်သဝဏ်လွှာဆိုတဲ့ အစ်ကိုဖြစ်နေလို့"
"စကားတတ်တိုင်းလျှောက်ပြောပြန်ပြီ ငါဘာဖြစ်ဖြစ်ချစ်တယ်ဆိုရင် ငါပျော်အောင်ထားရမှာမဟုတ်ဘူးလား ငါကလွတ်လွတ်လပ်လပ်နေရတာသဘောကျတာပါဆို"
"သဘောပါဗျာ အဲ့လိုဆိုတော့လည်း ကျွန်တော်ကပဲ ရှားစောင်းနေ့တိုင်းလိမ်းပေးတော့မယ် ဟုတ်ပြီလား"
"ငါအသားမညိုစေချင်ရင် မင်းလုပ်လို့ရတာတစ်ခုရှိတယ်"
"ဘာလဲ"
YOU ARE READING
သူကြီးသားကဆိုးလိုက်တာ(Complete )
Romantizmတစ်ချို့လူတွေက ချစ်တဲ့သူပျော်ရွှင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ချစ်သူကိုစွန့်လွှတ်တတ်ကြတယ်တဲ့ ကျွန်တော်ကတော့ ချစ်ရတဲ့အစ်ကို့ကိုပျော်ရွှင်အောင်ထားနိုင်ဖို့ ပိုင်ဆိုင်ရမှကိုဖြစ်မှာပါ #ဘုန်းဋီကာမောင် ကိုယ်အမြဲပြုံးနေဖို့ဆိုရင် မင်းအမြဲပျော်နေဖို့ပဲ လိ...