အပိုင်း ၁၅

8.1K 303 0
                                    

သင်္ကြန်နောက်ဆုံးည။လူတိုင်း စိတ်လွတ်လက်လွတ်ပျော်ရွှင်ပြီးနောက် သင်္ကြန်အား နှုတ်ဆက်ဖို့ အချိန်ရောက်လာလေပြီ။နေ့လည်တုန်းက နောက်ဆုံးနေ့မို့အဝကဲခဲ့သူတွေကြား သူတို့လည်းအပါအဝင်။

သင်္ကြန်အတွင်း နေ့တိုင်းမဏ္ဍပ်ရောက်နေတာကြောင့် ရွာထဲကကလေးလူကြီး အပျိုလူပျိုအားလုံးနှင့် တရင်းတနှီးရှိနေသူက အချိန်ပြည့် တွေ့သမျှလူတိုင်းအား နှုတ်ဆက်တတ်နေပြီ။

ဒီနေ့ည သူသီချင်းဆိုမည်ဟု သတိရသူက ညနေကတည်းက သွားချင်နေပြီ။သူ့မှာသာ ရင်တုန်ပန်းတုန်။မျှော်လင့်ချက်တွေ အရောင်မပြယ်ဖို့အရေး ကြိုးစားမှုတွေ ဘယ်လောက် ရင်းနှီးရမှန်းသူမသိ။ယခုအခြေနေလေး ဆုံးရှုံးရမှာကြောက်သလို လျစ်လျူရှုမှာကိုလည်းမခံစားနိုင်ပါ။

အနေကြာလို့ ပိုတိုးလာတဲ့ခံစားချက်တွေကြား ဆိုင်သူရှိသွားရင်တောင် လုယူဖို့ထိ မိုက်ရူးရဲဆန်ချင်မိနေပါသည်။

"သွားကြမယ်လို့ ဘယ်သူ့ကိုစောင့်နေတာတုန်း သူများတွေ သီချင်းဆိုနေပြီ"

"​ဟုတ်ပါပြီဗျာ အရမ်းတွေ တက်ကြွနေရောပဲ
နေ့လယ်က ဆော့ထားတာ မပင်ပန်းဘူးလား"

"မပင်ပန်းပါဘူး သွားကြမယ်လာ ဒီနေ့နောက်ဆုံးနေ့  မနက်ဖြန်မှအဝနားမယ်"

လက်ကိုဆွဲလို့ ခေါ်သွားသူနောက် ပြုံးရင်းသာလိုက်ပါသွားမိသည်။ဒီတိုင်းလေးပဲ ဆက်တွဲထားပေးပါ။မဟုတ်ဘူး ကျွန်တော်ကဆွဲထားပါ့မယ် ရုန်းမထွက်သွားရင် သိပ်ကောင်းမှာပဲ။

မဏ္ဍပ်ရောက်တော့ စာကလေးတို့နားတန်းရောက်သွားသူက နေရာကောင်းသိပ်ကြိုက်တာ။စင်ပေါ်ကို ရှင်းရှင်းလင်းလင်းမြင်နေရ၍ သူ့အတွက် သိပ်အဆင်ပြေဟန်။ယိမ်းသမတွေအပြီး သူ့အလှည့်ရောက်မှာမို့ စင်နောက်နေရာယူရမည်။သူပြီးလျှင် နောက်မှာသိပ်မကျန်တော့။

"အစ်ကို ကျွန်တော်ဆိုပြီးတာနဲ့ ပြန်ကြမယ်နော်"

"အင်း ငါစင်အောက်ကအားပေးနေမှာ"

"သေချာနားထောင်နော် ဒီသီချင်းက အစ်ကို့အတွက်ဆိုပေးတာ စာသားတွေအကုန်လုံးကို သေချာနားထောင်ပေး"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now