"ဟယ် ဦး! ပြန်လာပြီလား"
အိမ်ထဲ ဝင် ဝင်ချင်းကြားလိုက် ရတဲ့ အသံကြောင့် တေဇာ စိတ်ညစ်သွားသည်။
"အင်း"
"ဦး မနက် စာ စားပြီးပြီလား"
"မစား ရသေးဘူး"
"ကျွန်တော် ထမင်း၊ ဟင်း ချက်ထားတယ်။ ဦး စားဖို့ ချက်ထားတာ။စားလိုက်"
"ဟွန်း မင်းက ချက်တက်လို့လား"
"ဟုတ်''
"ဟင်း "
"ဦး ဘာတွေ စဥ်းစားနေတာလဲ၊ မစားချင်ဘူးလား၊ ဘာလဲ လူကို စားချင်လို့လား အဲ့ဒါလည်း ရတယ်"
"ကျစ်! ဟေ့ ငါ မင်းကို feelမလာတော့ဘူး"
"ဟွန့် စားလို့ ဝတော့ လူကို ပစ် ပြီ၊ ထားပါ ဒါဆိုလည်း ထမင်းစားပါ"
တေဇာ မီးဖိုချောင် ဝင်လာလိုက်ပြီး သူချက်ထားပေးတာကို စားနေလိုက်သည်။
ထမင်းစားနေတဲ့တေဇာ ကိုလည်း လာထိုင်ကြည့်နေတော့သည်။"ဟင်းး ဦး က အားကစားသမားဆိုတာကို သိလို့၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်ချက်ထားတာ စားစား"
"ဦး ကို ကျေးဇူးတင်ပါတယ်၊ ဦး ကြောင့် ကျွန်တော် အများကြီး အဆင်ပြေ သွားပြီ၊
ဟင်းး ဦး က အိမ်ထောင်လည်းကွဲ သွား ပြီဆိုတော့ အချစ် သစ် ကို မရှာ တော့ဘူးလား၊
dateလုပ်ချင်ရင်တော့ ကျွန်တော့် ဆီမှာ ကျွန်တော့် သူငယ်ချင်းတွေရှိတယ်၊ ဒါပေမဲ့ ဦးရဲ့ ပုံစံက ယောက်ျားလေးကြိုက်တဲ့ ပုံ မပေါ်ပါဘူး၊ မိန်းကလေးကျပြန်တော့လည်း ကျွန်တော့် သူငယ်ချင်းတွေက fujoshi တွေဆိုတော့ ဦး ကို ကောင်လေးပဲ ထပ်ရှာပေးလိုက်မှာ"စက်သေနတ် ပစ် သလို တရစပ်ပြောနေတဲ့ ကောင်က အနားလာထိုင်ကာ တေဇာကို လာပွား နေတော့ သည်။
"ဦး ထမင်းစားပြီးရင်အပြင်သွားမလား၊ကျွန်တော် cafeဆိုင်တစ်ခုတွေ့ထားတယ် သိလား၊အဲ့ဆိုင်က အရမ်းငြိမ်းချမ်း.......ဗလာ.....ဗလာ........"
cafeဆိုင် အသံကြားတာကြောင့် တေဇာ တွေးမိတော့သည်။ သူပြောတာတွေ ဘာမှ မကြားတော့ပေ။ ထို့နောက် ထမင်းကလည်း ကုန်သွားတော့သည်။
![](https://img.wattpad.com/cover/360181146-288-k754594.jpg)
YOU ARE READING
Bad Guy (လူဆိုး)
Short Story🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞