episode-49

6.1K 51 2
                                    

ကမ်းနားရောက်တော့ ကားထားလို့ရတဲ့နေရာလောက်မှာ တေဇာ ကားရပ်လိုက်သည်။

"လေကောင်းလေသန့်လေး ရှုဖို့လမ်းဆင်းမလျှောက်တော့ဘူးလား"

"ဒါပေမဲ့အေးနေတယ်လေ"

တေဇာ အပြောကို သူမက တုံ့ပြန်လာတော့

"ရော့"

သူမ ရောက်လာတဲ့ လွှားလို့ရလောက်သည့် ပဝါလေး​ကြောင့် ပေးသူကို ကြည့်မိတော့ သူမကို ရွှန်ရွှန်းစားစား ကြည့်နေတဲ့ တေဇာ ကို တွေ့ရသည်။

ချက်ချင်း မျက်နှာ လွှဲလိုက်ပြီး ပေးတဲ့ ပဝါယူကာ ကားပေါ်က ဆင်းလိုက်သည်။

သိပ်မကြာ ထို အမျိုးသားကလည်း သူမ နောက်လိုက်လာပါသည်။

နှစ်သား လျှောက်လာကြရင်း ဘာစကားမှ မပြောဖြစ်ကြပါ။ဒါကြောင့်

"ဒေလီယာ!" "တေဇာ"

"မင်း အ ရင်ပြောပါ"

"မဟုတ်တာ ရှင်အရင်ပြောပါ"

"ရပါတယ်၊ မင်းမမေးရင် မင်းသိချင်တာ မသိရပဲနေမယ်နော်၊ မေးပါ"

"ဟိုဟာ.. ရှင် ဆရာဝန်ဖြစ်ရင် ဒီမှာပဲ နေမာလား၊ ရှင့်နိုင်ငံကို ရှင်ပြန်မာလား"

"ခုလောလောဆယ်တော့ အဲ့လို့မဆုံးဖြတ်ရသေးပါဘူး၊ ဒါပေမဲ့ ကျွန်တော်က ဘယ်မှာနေနေ အဆင်ပြေပြီးသားပါ"

"အင်းပါ၊ ရှင်ကရော ကျွန်မကို ဘာမေးမလို့လဲ"

"သြော် ဒီလိုပါ တစ်မျိုးတော့မထင်ပါနဲ့၊ မင်းအိမ်ကထွက်လာတာကြာပြီဆိုတော့ အိမ်က မင်းကို မဆက်သွယ်ဘူးလား သိချင်တာပါ"

"ရှင် ကျွန်မကို ခေါ်မထားချင်တော့ဘူးလား၊
မှန်မှန်ပြော''

"မဟုတ်တာဗျာ၊ ကျွန်တော် အဲ့ သဘောနဲ့ပြောတာ မဟုတ်ပါဘူး"

"ခစ် ခစ် ခစ် ခစ်!! ကျွန်မက စတာပါ၊ ကျွန်မကို ဘယ်သူမှ မဆက်သွယ်လို့ ခုထိ ကျွန်မ ရှင်ဆီ မှာ ရှိနေရတာပါ"

"ဟုတ်ပါပြီ၊ ကျွန်တော် မေးလိုက်တာအတွက်
စိတ်ထဲမထားပါနဲ့၊ ကျွန်တော် မင်းနဲ့ နေရတာ အဆင်ပြောပါတယ်၊ မင်း အဆင်မပြေမှာကို
ပဲ စိုးရိမ်နေတာ"

Bad Guy (လူဆိုး)Where stories live. Discover now