episode-48

4.6K 27 3
                                    

"John! ရေ ၊ သား သူငယ်ချင်း ရောက်ပြီ"

John ရဲ့ အမေခေါ်သံနဲ့ကြောင့် John ကရောက်လာသည်။

တေဇာ သည် ဒေလီယာနဲ့အတူ John ဖိတ်ထားတဲ့ dinner လေးကို တက်ရောက်လာတာ​ဖြစ် သည်။

ဒီလ တောတွင်းမှာ တေဇာ ကားတစ်စီး ဝယ်လိုက်တော့ ဘယ်သွားသွား ဘယ်လာလာ
သူ့ကားနဲ့ ဒေလီယာကိုဖြစ်စေ၊ သူ့ဘာသာပဲ ဖြစ်စေ လိုက်မောင်း လို့ရနေတော့ အဆင်ပြေသွားသည်။

တေဇာ ကတော့ သူ့ရဲ့ style အတိုင်း T-shirt
မီးခိုးရောင် နဲ့ style pant မီးခိုးရောင် ကို အင်္ကျီအထဲထည့်ဝတ်ပြီး ရိုးရိုးရှင်းရှင်းပဲဝတ်ထားသည်။

ဘယ်ဘက်လက်က တန်ဖိုးကြီးလက်ပတ်နာရီ
ကတော့ တေဇာရဲ့ အကြိုက်ဆုံး အရာဖြစ်သည်။

​ဘာမှထွေထွေထူးထူး ပြင်ဆင်ထားတာမရှိပေမဲ့ ပုံစံက ခန့်ညားတည်ကြည်တဲ့ ယောက်ျားအသွင်ပေါ်သည်။

တေဇာ သည် ဖွင့်ထားပေးတဲ့ တံခါးပေါက်ထဲ သူအရင်မဝင်ဘဲ သူ့အနောက်က မိန်းမပျိုကို
ဦးစားပေးကာ အရင်ဝင်ရောက်စေဖို့ ဘေးမှာရပ်လိုက်ကာ မိန်းကလေးကို ဝင်ရောက်စေသည်။ ပြီးမှ သူဝင်သည်။

အိမ်ထဲ ဝင်လာတဲ့ မိန်းကလေးသည် ဒူးကျော်ကျော် လောက်ရှိတဲ့ လက်ဖောင်းဂါဝန် ကြည်ပြာရောင်ဖျော့ဖျော့လေး ကို ဝတ်ဆင်ထားကာ။

ဦးခေါင်းထက်တွင်တော့ သူမရဲ့ရှည်လျားနက်မှောင်တဲ့ ဆံနွယ်တို့ကို အပြောင် သိမ်းဆည်း ထုံးဖွဲ့ထားကာ အရှေ့ဆံမြိတ်ကို
ဆံမျှင်နှစ်ချောင်း အား ဘေး နားထင်တစ်ဖက်တစ်ချက်တွင်ချထားသည်။

ကောင်မလေး၏ မျက်နှာသည် မိတ်ကပ်တွေနဲ့ နှုတ်ခမ်းနီရဲရဲ တွေ ထူပိန်းမနေပါ။

သူမရဲ့ အပြစ်အနာအဆာမရှိတဲ့ မျက်နှာအသားအရေက make up ခပ်ပါးပါးလေးသာ on ထားပြီး နှုတ်ခမ်းနီကိုတော့ အကြည်ရောင်လေးသာဆိုးထားသည်။

သူမ ရုပ်ရည်လေးသည် အရိုင်းဆန်ဆန်လှနေတာမဟုတ်ပဲ ကြည့်လိုက်တာနဲ့ စိတ်အေးစေတဲ့ အကြည်ဓာတ်ရှိသည့် အလှပိုင်ရှင် မိန်းမပျိုလေးဖြစ်သည်။

"အမေ! သူက ဒေလီယာ တဲ့ ၊ ကျွန်တော့ မိတ်ဆွေ ပဲဆိုပါတော့၊ Taye ကတော့ အမေသိပြီးသားဆိုတော့ မိတ်မဆက်ပေးတော့ဘူး"

Bad Guy (လူဆိုး)Where stories live. Discover now