episode-45

8.2K 29 0
                                    

နေ့တွေ လတွေ ပြောင်းလဲ လာသည်။

တေဇာ နဲ့ ဒေလီယာ လည်း ပိုမိုရင်းနှီးလာသည်။ တစ်အိမ်ထဲနေကြတယ် ဆိုပေမဲ့ စည်းထားပြီးနေထိုင်သည်။

နေတာကြာလို့သိလိုက်ရတာက ကောင်မလေးဟာ သူချက်ကျွေးတာကို မစားရင် စိတ်ဆိုးတတ်သည်။ ထိုအချိန်တွေမှာ သူမ အမြဲပြောတဲ့စကားက..

"အစားများများစားတဲ့ ယောက်ျားမျိုးက မိန်းမလှလှ မရနိုင်ဘူးတဲ့ "

သူမ ချက်ကျွေးတဲ့ ဟင်းလျာတွေကလည်း တကယ့်ကို အရသာရှိသည်။  ဝိတ်တက် မှာ စိုးလို့ မစားဘူး ငြင်းတဲ့အခါမျိုးဆိုလည်း စိတ်ဆိုးတတ်သည်။

အဲ့တော့ ဒီကောင်က ပဲ ချက်ကျွေးသမျှစားပြီး အားကစားပို​ ပြီး လုပ်ရသည်။သူမကလည်း အဟာရဖြစ်တာတွေကိုသာ ကောင်းကောင်းချက်ကျွေးသည်။

သူမကိုယ်တိုင်ကကျ သိပ်မစားနိုင်၊ အဲ့တော့ စားနိုင်တဲ့ ဒီကောင်ကြီးက အစိမ်းအစိုစားရတဲ့ ကြောင်လို စိုပျို နေတော့သည်။

......

"တေဇာ"

"ပြောပါဗျာ"

"ရှင်ပြောတော့ gymကစားလာပြီးပြီဆို"

"အင်း"

"အဆို work out တွေလုပ်မနေနဲ့တော့လေ၊
ချွေးတတိတ်အောင်နားပြီး၊ရေချိုးပါတော့လား"

"ခန ပါပဲဗျာ၊ ဒီလိုမလုပ်ရင် ကျွန်တော် အစားအသောက် ကောင်းတွေစားပါများတော့ အဆီထွက်လာမှာပေါ့"

"ရှင့် ဆီမှာ အဆီမရှိပါဘူး၊ ကျွန်မတွေ့တာ ကြွက်သားတွေပဲရှိတာကို၊ ချက်စားရင်တောင် အများကြီးရတယ်"

"မင်းက ကျွန်တော် အဆီရှိမရှိ ဘယ်လိုသိလဲ"

"ရှင့်လက်မောင်းလေ"

အဆီက မရှိဘူးဆိုတာ မှန်ပေမဲ့ တေဇာရဲ့ ခန္ဓာကိုယ်ကို အင်္ကျီချွတ်နဲ့ သူမ တခါမှ မမြင်ဖူးပါ။ စွတ်ကျယ်ဝတ်တဲ့ အခါမှသာလက်မောင်းသားလောက်ပဲတွေ့ဖူးသည်။

"ဟားဟား! လက်မောင်းသားကြည့်ပြီး bodyတိုင်းနိုင်တဲ့ လူက မင်းပထမဆုံးပဲ
Dahlia"

Bad Guy (လူဆိုး)Where stories live. Discover now