episode-44

9.8K 32 0
                                    

မီးလင်း နေတဲ့အခန်းငယ် ထဲက စားပွဲတစ်ခုရဲ့ ဟိုဖက်ဒီဖက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးတို့ အသီးသီးနေရာယူထားကြသည်။

"ဆိုတော့ မင်းက အိမ်နဲ့သဘောထားချင်မတိုက်ဆိုင်လို့ ဆင်းလာလိုက်တာပေါ့"

တေဇာ ကို ခေါင်းလေးပြန်ငြိမ့်ပြတဲ့ မိန်းကလေးဟာ တေဇာ ထက် အသက် 2နှစ်နီးပါး ကြီးသည်တဲ့လား။

တေဇာ ကိုမှတ်မိပုံမပေါ်တဲ့ သူမဟာ သူမနာမည်ကို တဖန်ပြန်မိတ်ဆက် လာသည့်အထိ တေဇာကို စိတ်ထဲပင်မရှိခဲ့သော သူမဟာ ယခုတွင်တော့ တေဇာ့ဆီ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာခဲ့ပြီ

"ဒါဆို မင်းဘာဆက်လုပ်ဖို့စိတ်ကူးထားလဲ"

"........"

"ဟင်း! မင်း အိမ်ပြန်နိုင်ဖို့ အခြေအနေရှိတဲ့အထိ ၊ ကျွန်တော့်ဆီမှာနေနိုင်ပါတယ်"

"ဟိုအဲ့ဒါမျိုးကျ.."

"ဘာလဲ ကျွန်တော် မိန်းကလေးတစ်ယောက်ကိုတောင် မစောင့်ရှောက်ထားနိုင်အောင် အရည်အချင်းမရှိဘူးထင်လို့လား"

"ဟို..အဲ့လိုလည်းမဟုတ်ပါဘူး"

"ဒါမှမဟုတ် ကျွန်တော့်ကို မယုံကြည်လို့လား"

"အဲ့လို သဘောမျိုးမဟုတ်ပါဘူး၊ ကျွန်မ က
ဘာအလုပ်မှလည်း မရှိဘူးလေ.."

"ကျွန်တော် က မင်း ခန္ဓာကိုယ်လောက်လေး
စားတဲ့ အတွက်လောက်တော့ အေးဆေးရှာနိုင်ပါတယ်ဗျာ"

ခပ်ရွှတ်ရွှတ်ပြောလိုက်တဲ့စကားကြောင့် တေဇာရဲ့ အရှေ့က မိန်းကလေး မျက်နှာလေးရဲသွားသည်။

ဗလ အားကိုးနဲ့ပြောလာတဲ့အမျိုးသားရဲ့စကားကြောင့် ဒေလီယာ တော်တော်လေးရှက်ရသည်။

မိမိ ခန္ဓာကိုယ်က သူ့အတွက်ပြောစရာဖြစ်လောက်အောင် သေးသွယ်နေပေမဲ့ မိန်းကလေးချင်းယှဥ်ရင် အရပ် ၅'၆"ကျော်ကျော် လောက်ရှိတဲ့သူမက သိပ်ပြီးပုတဲ့အထဲမပါ ပါဘူး။

ဒါပေမဲ့ သူမက အသားပြည့်ဖြိုးတဲ့မိန်းကလေးမဟုတ်တာတော့မှန်သည်။

အားငယ်သလိုတော့မခံစားရပါဘူး။

ဘာလို့လဲဆိုတော့ ထိုလူကိုယ်တိုင်ကလည်း
ယောက်ျားချင်းထိုလူကိုယ်တိုင်ကိုကထွားကျိုင်းနေတာ မိမိလို မိန်းကလေးတစ်ယောက်က သူ့အတွက် အားမလိုအားမရ ဖြစ်စေတဲ့ ခန္ဓာကိုယ်ဖြစ်တာမဆန်းပါ။

Bad Guy (လူဆိုး)Where stories live. Discover now